Part-4

4.8K 228 56
                                    

ရိပေါ် အပြင်ကို ထွက်လာတယ်။

မျက်ရည်တွေဟာလည်း အဆက်မပျက်စီးလာတယ်။

ကျန့်ကောကို သိပ်ချစ်ပါသည်။

မြတ်နိုးမိပါသည်။

ဘာကြောင့် သူအပေါ် မချစ်နိုင်တာလည်း ။
သူတကယ်ကို မသိတော့ဘူး။

ကျန့်ကော မမြင်ချင်တဲ့ ဒီမျက်နှာကို ကျန့်ကော မတွေ့အောင် ထွက်သွားတော့မယ်။

ကောင်းကောင်းနေရစ်ခဲ့ပါ။

ထိုအချိန် ဖုန်းနံပတ်တစ်ခုကောက်ခေါ်လိုက်တယ်။

"hello ဒယ်ဒီ"

" ...."

"ဟုတ်ကဲ့ သားပြန်လာပြီ"

" ....."

"ပါး လေယာဥ်မှတ်၀ယ်ထားပေးပါ။ အခုညတွင်းချင်း သား us ကိုသွားမယ်"

"....."

"ဟုတ်သားရွေးချယ်တဲ့ လမ်းပါ"

"...."

"ဒါဆ်ု သားပြန်လာပြီ အခုလာပြီ"

ရိပေါ်ကားတံခါး ဆွဲဖွင့်ပြီး ၀င်မယ်လုပ်တော့။
သူလက်ကိုလာဆွဲတဲ့ တစ်စုံတစ်ယောက်​ကို သူအလွှတ် မှတ်မိနေပါတယ်။

ကိုယ်သင်းရနံ့လေးကလည်း သူနှာခေါင်း၀ကို ကျီစယ်နေတယ်။
ထိုသူ ဘယ်သူလည်းဆိုနာ ရိပေါ်သည်တယ်။

သူရဲ့အကြည်ဓာတ်လေး။

နွေးထွေးရာ နေရောင်ခြည်လေး။

အသဲအသက်လေးကို ရိပေါ်ရင်နဲ့မဆံ့အောင် ချစ်ရပါတယ်။

သူဘာပြောမှာလဲ ရိပေါ် နားမထောင်ရဲဝံ့။

"ရိ ရိပေါ်"

"....."

"တကယ်ပဲ us ကို အခုညတွင်းချင်းထွက်သွားတော့ မှာလား"

"...."

ရိပေါ် ပြန်မဖြေမိ။ ပြန်မဖြေဖြစ်တာထပ် စကားလုံးတွေက မထွက်ဘူး။

"ရိပေါ်ရယ် ကောကို ဖြေပါအုံး"

"ဟုတ် တယ်.."

ရိပေ့် ပြန်ဖြေပြန်တော့ ထိုလူသားက ဘာဖြစ်ချင်နေတာလဲဗျာ။ မျက်ရည်ကြည်တွေ ဝိုင်းနေတဲ့ ခင်ဗျားကို ကျွန်တော်မကြည့်ရက်နိုင်ဘူး။

 "အစားထိုးခဲ့ဖူးသည် သို့သော်..." [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝!]Where stories live. Discover now