Part-2

3.6K 223 52
                                    

"မာမီ"

"ဟင် သားသားအထုတ်အပိုးတွေနဲ့
ကို' ရေ ဒီမှာအကိုသားငယ် ရယ်ဘာတွေ ဖြစ်လာတာလဲ မသိဘူး "

ဧည့်ခန်းထဲမှာသတင်းစာ ဖတ်နေတဲ့မာမီက သူမြင်တော့ အလောတကြီးနဲ့ ဒယ်ဒီကို လှမ်းခေါ်တယ်။

"လာ လေ မက်တပ်ကြီးရပ်မနေနဲ့ ထိုရအောင်"

"ဟုတ်မာမီ"

ရိပေါ်လက်ထဲက leggage အထုပ်ကို အိမ်ထိန်းကြီးက အလိုက်သင့် ဆွဲယူတယ်။

"ကြီးရန် သားသား အထုပ်တွေ သူအခန်းထဲမှာ သွားထားလိုက်နော်"

"ဟုတ်ကဲ့ သခင်မကြီး"

"ကဲ ဘာတွေ ဖြစ်လာတာလဲသားသား
သားမက်လေးနဲ့ ရန်ဖြစ်လာတာလား"

"မာမီ~~"

"သားသား မာမီအသဲလေး ငိုနေတယ် ဘာဖြစ်တာလဲ ပြောမာမီကို ပြော"

"မာမီ အဟီးသား ကျန့်ကောနဲ့ နှစ်ဦးသဘောတူကွာရှင်းလိုက်ပြီ"

"ဘာတွေ ဘယ်လို ဖြစ်ရတာလဲ သားသားရယ်
မာမီသားလေးရယ်"

"ကျန့်ကောနဲ့ ကိုကိုနဲ့က သားနဲ့လက်မထပ်
ခင်ကတည်းက ချစ်သူတွေတဲ့ မာမီရယ်"

"မာမီ မသိခဲ့ဘူးသားသား"

"အခု ကျန့်ကောက ကျွန်တော့်ကို မချစ်ခဲ့ဖူးတဲ့လေ နောက်ပြီး ကော ချစ်တာ ကိုကိုဆိုတော့ ကျွန်တော် လက်ကလွှန်လိုက်တာပါ
ကျန့်ကော ပျော်နေလောက်ပြီအခုဆို သူလည်း ကျေကျေနပ်နပ် လက်မှတ်ထိုးပေးခဲ့တာ"

"သားသား ရယ်"

"သား တကယ်အမှန်ပြောတာပါ မာမီရယ်
ကျန့်ကောနဲ့ ကိုကို ချစ်သူတွေမှန်းသား မသိခဲ့ပါဘူး ။
ကိုကို us ပညာသွားသင်နေတဲ့ တစ်လျှောက် ကျန့်ကော စောင့်နေတယ်ဆိုတာလည်းသား မသိပါဘူး။ အမှန်တကယ်ဆိုအဲ့အကြောင်းတွေကို သားသိခဲ့ရင် သား ကျန့်ကောနဲ့ လက်ထပ်ပေးဖို့အကြောင်းပြောကတည်းက ငြင်းခဲ့ပါတယ်
မာမီရယ် အခုတော့ နှစ်ဦးနှစ်ဖက်နာကျင်ရပြီ"

"မာမီကလေးလေး ပင်ပန်းနေပြီ တကယ်ဆို သားမက်လေးကလည်း ပွင့်လင်းသင့်ပါတယ်
အခုတော့"

"သားကျန့်ကောကို တကယ်ချစ်ခဲ့တာပါ ဟောဒီ ရင်ဘတ်ကြီးနဲ့ ရင်းပြီးအရမ်းချစ်ခဲ့ရတာပါ မာမီရာ ကျန့်ကောသာကိုကိုနဲ့ ချစ်သူတွေမှန်းသိရင် အစကတည်းက နောက်ဆုပ်ခဲ့ပါတယ် မာမီရယ်အခုသားအဖြစ်က ဆုပ်လည်းစူးစားလည်းရူး "

 "အစားထိုးခဲ့ဖူးသည် သို့သော်..." [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝!]Место, где живут истории. Откройте их для себя