Part 2

607 72 3
                                    

အရင်ကလို ဆော့မက်သရူးဆိုတာနဲ့ တောက်တောက်ပပ ပြုံးပြီး ဖြူစင်တဲ့ ကလေးလေးပြန်ဖြစ်ဖို့ ဟျောင်းကြိုးစားမှာပေါ့။

တကယ်တော့ ဂျီ၀န်းထင်သလို မလွယ်လှပါ။ မက်သရူးရင်ထဲမှာ သူ့အတွက် အမုန်းတွေ ဘယ်လောက်တောင် စုထားခဲ့သလဲမသိ။ သူ့ကိုမြင်တာနဲ့ ရှောင်ထွက်သွားတတ်သလို။ အပြင်မှာ တွေ့ရဖို့ ချိန်းတိုင်းလည်း လုံး၀အတွေ့မခံပေ။

"မက်သရူးဟျောင်းက သူ့ရှေ့မှာ နောက်ထပ် ဂျီ၀န်းဟျောင်းအကြောင်းပြောရင် သူနဲ့ လာမပက်သတ်နဲ့တဲ့ ဟျောင်း။ ကျွန်တော် လုပ်ပေးနိုင်တာ အကုန်ပဲ ထင်တယ်။ ဟျောင်းတို့နှစ်ယောက် ဘာတွေ ဒီလောက်ထိ ဖြစ်သွားကြတာလဲဟင်"

မက်သရူးနဲ့ နှစ်ယောက်ထဲ စကားပြောရဖို့ ဂယူဘင်းကို အကူညီတောင်းတိုင်း မအောင်မြင်တဲ့အပြင် အခုတစ်ခေါက်ကတော့ လုံး၀ပစ်ပစ်ခါခါ။ ဟျောင်းကို အဲ့လောက်ထိ စိမ်းသက်ပြီး နေနိုင်ပြီလား မက်သရူးရယ်။

မက်သရူး ဆော့မက်သရူး။ ဒီနာမည်လေးကိုပဲ ခဏခဏရွတ်မိတော့ ပြုံးနေတဲ့ ပုံလေးပေါ်လာကာ။

မက်သရူးနဲ့ သူ စတွေ့တုန်းက မက်သရူးက Law school ၀င်ခွင့်အတွက် ပြင်ဆင်နေတာဖြစ်ပြီးတော့ ဂျီ၀န်းက ကိုရီးယားဘာသာအတွက် သင်ပေးရခြင်းပင်။ စာစသင်ကတည်းက အပြုံးလှတဲ့ ကောင်လေးမို့ သတိထားမိရာက စိတ်၀င်စားမှု့ရေချိန်တက်လာတာမို့ ဂရုစိုက်ပေးချင်ပေမယ့် တကယ်တမ်း ဂျီ၀န်းက ရုပ်တည်ပဲနေတတ်တာမို့ ကြင်ကြင်နာနာနွေးထွေးတယ်ဆိုတာမျိုးက အလုပ်မဖြစ်ပါ။ မက်သရူးအဖြေလွှာမှာ မမှားသင့်တဲ့ အမှားကိုတွေ့တာနဲ့

"ဆော့မက်သရူး မင်း Law school ကို လက်လျော့တော့မလို့လား"

"ဟင့်အင် ကျွန်တော်"

ဆိုပြီး မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလာတော့မှ သူ ဆူမိတာလွန်သွားပြီဆိုတာ သတိကပ်ကာ စာသင်ရင်း မက်သရူးကို လှမ်းကြည့်တော့ တရှုံ့ရှုံ့ငိုနေတာမရပ်တာမို့ စိတ်မကောင်းလှ။

"ဆော့မက်သရူး ဒီမေးခွန်းဖြေ"

ငိုနေရာက ထလာတာမို့ စာကို အာရုံမစိုက်နိုင်ဘဲ

အမုန်းသည် ပန်းဖြစ်စေWhere stories live. Discover now