Part 5

557 70 4
                                    

မက်သရူး ခရီးက ပြန်လာတဲ့နေ့က သူတို့နှစ်ယောက်ဘ၀ထဲကို မုန်တိုင်း၀င်လာတဲ့နေ့ပင်။ မက်သရူးကို ကြိုပြီး ပြန်လာတော့ သူအိမ်မှာ မေမေက ကြိုရောက်နှင့်နေကာ။ မက်သရူးကို ခြေဆုံးခေါင်းဆုံး မတူမတန်သလို ကြည့်နေတဲ့ မျက်နှာပေးကို သူခုထိ မမေ့။

"မက်သရူး ပြန်လိုက်နော်။ ဟျောင်းဆက်သွယ်လိုက်မယ်"

"မေမေသူနဲ့ စကားပြောစရာရှိတယ်။ ထိုင်ပါဦး"

"မေမေ ကျွန်တော်တို့ချင်းပဲ"

"ထိုင်ပါဦး ဆော့မက်သရူး"

မေမေ့အသံ မေမေဟန်က အလွန်အမင်း ရင့်သီးနေကာ။ သဘောမတူဘူးဆိုတဲ့ စကားကို သာသာနဲ့ နာနာပြောနေတဲ့ စကားတွေ မက်သရူးကို မကြားစေချင်ပေမယ့် သူ မေ့မေ့ကို မလွန်ဆန်နိုင်ဘဲ

"ဂျီ၀န်း နိုင်ငံခြားကို ပညာသင်သွားဖို့ပြင်။ ဟိုမှာက အန်တီတို့..…."

ငွေတွေ ဂုဏ်‌တွေ မွှန်းထူနေတဲ့ မေမေ့စကားတွေအောက်ကနေ မက်သရူးကို ထွက်သွားလို့ရအောင် ဖန်ချင်ပေမယ့် ‌တကယ်တမ်းကြတော့ မေမေ့က စကားဆုံးအောင်ပြောပြီး အနိုင်ပိုင်းထွက်သွားတော့ မက်သရူး ကိုယ်လေး သိမ့်သိမ့်လှုပ်ကာ ငိုတာမြင်တာနဲ့ သူရင်တွေ ဗလောင်ဆူကာ။ မက်သရူး မျက်ရည်တွေ မမြင်ချင်ဘူးဆိုတဲ့ သူ့ဆန္ဒက မပြည့်တော့ဘဲ။

"ဟျောင်း နိုင်ငံခြားကို ပညာသင်သွားမလား။ မသွားပါနဲ့ ဟျောင်း။ ဒီအိမ်ကနေလည်း ထွက်လာပြီးတော့ ကျွန်တော်တို့နှစ်ယောက်အတူတူ..…"

"မဟုတ်ဘူး မက်သရူး ဟျောင်းပညာသင်က ပြန်လာရင် မက်သရူးလည်း ကျောင်းပြီးရင်။ မေမေတို့ သဘောတူမှာပေါ့"

"ခုလိုတွေ ပြောသွားတာကိုလေ။ မဖြစ်နိုင်လိုက်တာ ဟျောင်းရယ်"

"ခုအခြေနေက ဟျောင်းတို့ နှစ်ယောက်လုံး မပြည့်စုံတဲ့အခြေနေလေ မက်သရူးလေးရဲ့။ ဟျောင်းက ပညာသင်သွားပြီး မက်သရူးကလည်း ဒီမှာ ကျောင်းပြီးရင် ဟျောင်းတို့ နှစ်ယောက်ကို လူကြီးတွေ လက်ခံမှာပေါ့"

"ဟင့်အင် ကျွန်တော်မထင်ဘူး"

"ဟျောင်းကတိပေးတယ်လေ။ ဟျောင်းကို ယုံတယ်မလား"

အမုန်းသည် ပန်းဖြစ်စေWhere stories live. Discover now