Part 4

594 69 12
                                    

အသစ်စက်စက် ရည်းစားလေးမို့ ဂျီ၀န်း ဘယ်လောက် ချစ်ပေး ချစ်ပေး ချစ်လို့မ၀။ သူက မက်သရုးအပိုင်ဖြစ်ပြီးတော့ မက်သရူးက သူ့အပိုင်ပဲဖြစ်စေချင်တာမျိုး။ မက်သရူးဆိုတာနဲ့ လူက ကဲကဲသည်းသည်းပင်။

ပင်လယ်ကမပြန်ခင်ကတည်းက ကျေးဇူးရှင်လေးတွေရှေ့မှာ ၀န်ခံထားသလို အပြန်ကားပေါ်မှာလည်း မက်သရူး လက်ကိုကိုင်ပြီး ကားကို တဖက်တည်းမောင်းတာမို့ ဂွန်ဟူးက

"ရှေ့ကြည့်မရ ဘေးကိုလည်း တစ်ဖက်ပဲ ကြည့်နေရတော့ ငါ့ဘ၀ငါတောင် သနားလာပြီ"

"အားနာပေမယ့်.." ဂျီ၀န်းက စတော့ ဂယူဘင်းကပါ

"ငါလည်း အားနာပေမယ့်။ အပြင်ဘက် ရှု့ခင်းလည်း လှပါတယ်ကွာ"

ဆိုလို့ ကားပေါ်မှာ တစ်လမ်းလုံး ရယ်သံက မရပ်။

"မက်သရူး မအိပ်တော့ဘူးလား"

"ဟင့်အင်"

"ဘာလို့လဲ အိပ်ပါ"

"မအိပ်ပါဘူး။ ကျွန်တော် အိပ်နေတဲ့ ပုံစံကြီး မပြချင်လို့"

"အလာတုန်းကတောင် အိပ်တာကို"

"အဲ့တုန်းက ဂရုစိုက်စရာမလိုဘူးလေ။ ဘာမှ မဟုတ်တာ"

"ဪ အခုရည်စားကို ဟောက်တာ မကြားစေချင်လို့ပေါ့"

"ကားရပ်လိုက်တော့ ဟျောင်း။ ကျွန်တော် လမ်းကြုံကားနဲ့ပဲ လိုက်ခဲ့တော့မယ်"

ဂျီး၀န်းရယ်ကာ မက်သရူးကို အူယားပြီး ပါးကို လက်နဲ့ လှမ်းညှစ်လိုက်တော့

"မသေချင်သေးဘူး။ ပတ်ဂွန်ဝူး မသေချင်သေးဘူး"

ဆိုပြီး ထအော်တာနဲ့

"ပတ်ဂွန်ဝူး မအိပ်သေးဘူးလား"

" အိပ်ရင်းနဲ့ သေမှာကြောက်လို့"

"မအိပ်ရင်လည်း မျက်စိမှိတ်ထား။ မကြားသလို လိုက်ခဲ့။ မဟုတ်ရင် ကားရပ်ပြီး ချခဲ့မှာနော်"

ဂျီ၀န်းစကားဆုံးတာနဲ့ ပတ်ဂွန်ဝူးက ခေါင်းကို ရှေ့ခန်းဘက် တိုးလာတော့

"ဘာလဲ"

"ဟျောင်း ကားရပ်ပြီး မချခင် ပါးကို လိမ်ဆွဲရအောင်လို့လေ" တဲ့။

အမုန်းသည် ပန်းဖြစ်စေWhere stories live. Discover now