Final

721 60 2
                                    

ဟျောင်းကို ထိုးလိုက်မိတာဆိုတဲ့ စိတ်က နည်းနည်းမဟုတ်ဘဲ အများကြီး အပြစ်ရှိသလို။ ကာယကံမြောက် မိုက်ရိုင်းလိုက်မိတဲ့ အပြစ်ရှိစိတ်က နှလုံးသားကို ဟျောင်း သေအောင်သတ်ခဲ့တာက ဘာမှ မဟုတ်တော့သလို။ စိတ်ကို တင်းထားစမ်း ဆော့မက်သရူးဆိုမှ ခဏခဏခိုးကြည့်နေမိတယ်။ ဆော့မက်သရူး မုန်းမယ်ဆို ပိုင်ပိုင်နိုင်နိုင် မုန်းလိုက်စမ်း။

ငြိမ်ငြိမ်လေးလိုက်လာပြီး လူမမိအောင် ခိုးကြည့်နေတဲ့‌ ကောင်လေးကြောင့် ဒေါသက ကြက်ပျောက်ငှက်ပျောက်။ ဆော့မက်သရူးဆိုတာနဲ့ သူ့မှာ နူးညံ့ခြင်းတွေအပြည့်။ အထိုးခံရတဲ့ ပါ‌းစောင်က ကိုက်သလို ဗိုက်ကစစ်ခနဲ့‌ေအာင့်လာတဲ့အခါ ဘယ်တုန်းက လက်သီးကောင်းကောင်းသုံးတတ်သွားတာပါလိမ့်ဆိုပြီး တွေးမိတော့ ကောင်းကောင်းကြီးလာတာပဲ ဆော့မက်သရူး။ ကားမောင်းနေရင်း မက်သရူးလက်ကိုကြည့်လိုက်တော့ ဂျီ၀န်းဆောင့်ဆွဲခဲ့‌တဲ့ နေရာက ရဲနေကာ။ မထိရက် မကိုင်ရက် နူးညံ့‌တဲ့ ကောင်လေးမို့ အထိုးခံရတဲ့ ပါးထက် ရင်ဘက်က ပိုနာရကာ။

ဟန်မြစ်ဘေးရောက်တာနဲ့ ကားရပ်ပြီး နောက်ခန်းမှာ အမြဲဆောင်ထားတတ်တဲ့ ဆေးသေတ္တာကိုယူပြီး ဆော့မက်သရူးလက်ကို ပတ်တီးစည်းဖို့ကိုင်တာနဲ့ လက်ကို ပြန်ဆောင့်ရုန်းနေလို့

"မဂျစ်နဲ့။ ငြိမ်ငြိမ်နေ ဆော့မက်သရူး။ ဟျောင်း ဒေါသထွက်နေတုန်းနော်"

ဂျီ၀န်းငေါက်လိုရင် တန်းငြိမ်သွားတဲ့ကောင်လေးက သူ့ကို မုန်းတယ်လို့ ပြောနေတာကို လက်မခံတာ သူ့အလွန်မဟုတ်ဘူးမလား။ ဆော့မက်သရူး မင်းရင်ထဲမှာ ဟျောင်းအတွက် အချစ်တွေ တကယ်အများကြီး ကျန်နေသေးတာ။ စိတ်ပညာပါမောက္ခမို့သိတာမဟုတ်ဘူး မက်သရူး။ ဟျောင်းက ဆော့မက်သရူးဆိုတဲ့ ဘာသာဗေဒကို တလောကလုံးထက်ရော မင်းအကြောင်းကို မင်းထက်ပို ကောင်းကောင်းသိတယ်။

"မက်သရူးရား"

"ကျွန်တော် ခင်ဗျားနဲ့ ပြောစရာ စကားမရှိဘူး"

"မက်သရူး ပြောစရာမလိုဘူး။ ဟျောင်း ပြောတာ နားထောင်ရုံပဲ"

"နားလည်း မထောင်ချင်ဘူး"

အမုန်းသည် ပန်းဖြစ်စေWhere stories live. Discover now