Chapter 7

11.6K 347 11
                                    

👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

👩‍⚕Part~7👩‍⚕

"အန်တီ ဆောင်း ပြန်ရောက်နေတယ်ဆိုလို့"

မီ အိမ်ရှေ့ကနေ ကားရပ်သံကြားတာမို့ ထွက်ကြည့်တော့ တူမတော်တွေ။သူတို့ညီမပြန်လာတာ သိလို့လာတာထင်ပါသည်။ညီအစ်မဝမ်းကွဲတွေဆိုပင်မဲ့ သူတို့ညီမလေးကို သိပ်ချစ်ကြတာ။

"ဟုတ်တယ် ပြန်လာပြီ ဒါပင်မဲ့ခဏပဲနေမှာပါ ယောကျာ်းယူတော့မယ်လေ သူ့ကောင်လေးနဲ့စကားပြောနေတယ် ဧည့်ခန်းထဲမှာ"

"ဟယ် ဟုတ်လား ဒီကောင်မလေး မြန်သားအစ်မတွေတောင်မယူသေးဘူး..သမီးတို့ဝင်သွားလိုက်မယ် အန်တီ"

မီ ခေါင်းငြိမ့်လိုက်တယ်ဆို တွယ်တာတို့ညီအစ်မ ၃ယောက်အိမ်ထဲဝင်သွားကြသည်။တူမတွေဝင်သွားမှ သူမလည်းဆေးရုံကလူနာစရင်းနဲ့အတူ ထိုင်ရမဲ့ဆေးရုံကိုကြည့်ဖို့ အခန်းထဲဝင်သွားလိုက်သည်။

"ချစ်တယ် ဆိုတာမင်းအတွက်မသိသေးဘူးဆိုတာ ကိုယ်နားလည်ပါတယ် ပူတူး စိတ်လည်းမဆိုးဘူး တစ်ခုတော့နားလည်ပေးထား ဘယ်သူမှမင်းဘက်မရှိတဲ့အချိန် သူ့စေရာ ဆိုတဲ့ကောင်ရှိတယ်ဆိုတာ မှတ်ထားပေး"

"အဲ့တာဆို ကျွန်မကလူသတ်မိရင်ရော ရှင်ဘယ်လိုလုပ်မလဲ"

သူမရဲ့ ကလေးဆန်ဆန်မေးခွန်းကြောင့် သူစေရာ သူရဲ့မျက်ခုံးထူထူလေးကို လက်မနဲ့ခြစ်လိုက်ရင်း.....

"လူသတ်သမားလင်လုပ်လိုက်မှာပေါ့ကွာ အဟွန်း"

ကြည့် သူမကမေးတာက သူမသာလူသတ်မိရင် ရှေ့နေဥပဒေအတိုင်းအရေးယူမှာလား ဆိုလိုတာကို ပြန်ပြောတာကိုက အချိူးမပြေ။အဲ့တာကြောင့် သူ့စေရာဆိုတဲ့ ဒင်းကိုစတွေ့ကတည်းကကြည့်မရတာ။

"ရှင်ကိုပြောချင်တာက တရားဥပဒေအရအရေးယူမှာလားလို့ ပြောတာ"

"ယူမှာပေါ့ အပြစ်လုပ်ထားရင်ခံရမှာပေါ့"

ဒါများသူများကို ချစ်တယ်တဲ့။အလကား ပါးစပ်ထဲရှိရလျှောက်ပြောနေတာ ရှေ့နေစုတ်။သူမ သူပြောတာကိုသဘောမကျတာကြောင့် မျက်စောင်းထိုးပြီး နှုတ်ခမ်းဆူနေလိုက်သည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now