Part-3 (Unicode)

26K 1.6K 48
                                    

"စံ မင်း အပြီးပြန်လာတာမလား။"

'နေယံလင်း'သည် ကားမောင်းနေရင်းမှ ဘေးရှိ စံ့အားလှည့်ကြည့်ရင်း မေးလိုက်၏။ထိုအခါ စံကလည်း ခေါင်းညိတ်ပြကာ

"အင်းလေ အပြီးပဲပေါ့၊ကျောင်းလည်းပြီးပြီကို။"

"ဟိုကိစ္စနဲ့ပတ်သက်ပြီးတော့ရော မင်း..။"

"ခေါင်းထဲမှာတောင် မရှိတော့ဘူး။"

နေယံလင်း၏ စကားမဆုံးသေးခင်မှာပင် စံက ဖြတ်ပြောလိုက်
၏။ထို့ကြောင့် နေယံလင်းကလည်း ခေတ္တတိတ်ဆိတ်သွားပြီးမှ
စကားလမ်းကြောင်းကို လွှဲပြောသည်။

"မင်းမရှိတော့ ငါ့မှာပျင်းလိုက်တာ စံရာ...။"

သူ့အပြောကြောင့် ဘေးကိုငေးနေသည့် စံက တစ်ချက်
လှည့်ကြည့်လာပြီး ပြုံးရုံသာပြုံးပြ၏။ထိုအခါ...

"ငါအတည်ပြောနေတာ စံ။"

"ငါသိပါတယ်"

"ဒါဆို မင်း ဘာလို့ရယ်လဲ"

"မင်းရဲ့ပုံစံကိုလေ"

"ဘာ.."

နေယံလင်း၏ပုံစံသည် ဒေါသထွက်သလို အမူအရာမျိုးဖြစ်သွား
သည့်အခါတွင် စံသည် ပို၍ပြုံးမိတော့၏။

"နောက်တာပါ သူငယ်ချင်းကြီးရာ"

"ဟွန့်!..."

စံက နေယံလင်း၏လက်မောင်းကိုလှမ်းပုတ်ရင်း ပြောလိုက်
တော့မှ ဟွန့်ခနဲမှုတ်ထုတ်ပစ်ကာ တစ်ဖက်ကိုလှည့်သွား၏။ထိုအပြုအမူကြောင့် စံသည် ပို၍ပြုံးမိပြန်သည်။

သူ့သူငယ်ချင်းက အရင်လိုပဲ ပျော်ပျော်နေတတ်တုန်း။

ထို့နောက်တွင်တော့ လမ်းတစ်လျှောက်လုံး ရောက်တတ်ရာရာ
များကိုပြောရင်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြတော့၏။

နေယံလင်းသည် စံ၏ အရင်းနှီးဆုံးနှင့် အချစ်ဆုံးသူငယ်ချင်း
တစ်ယောက်ဖြစ်သည်။နေယံလင်းတို့မိသားစုသည် စံတို့လောက်
မချမ်းသာသော်လည်း ပြည့်စုံသည့်အထဲတော့ပါ၏။နေယံလင်း
သည်လည်း စံ့လိုပင် တစ်ဦးတည်းသောသားဖြစ်ကာ အဖော်
မက်သူချင်း ပေါင်းမိ၍ ညီအစ်ကိုအရင်းအချာကဲ့သို့ပင် ဖြစ်နေတော့သည်။

Professional Actor [Completed]Where stories live. Discover now