Part-23 (Unicode)

21.3K 1.4K 22
                                    

ကြိုမပြောထားပါဘဲနှင့် ယနေ့နံနက်တွင်မှ အပြင်ထွက်ရန်ပြောလာသည့် ဂုဏ်ရှိန်ဝါ ဆိုသည့်တစ်ယောက်ကြောင့် လူလည်း
စောစောထလိုက်ရတော့သည်။လုပ်လိုက်လျှင် အမြဲတမ်း လော
လောချည်းသာ။

နံနက်ပိုင်းတွင် သူ shooting မရှိတာကြောင့် တစ်နံနက်လုံး
စံနှင့်အတူ အချိန်ကုန်ချင်သည်ဟုဆိုကာ ကမန်းကတန်း ဖုန်း
ဆက်တာဖြစ်၏။သူက အားနေသော်ငြား စံကတော့ အမှန်ဆိုလျှင် မအားပေ။သို့သော် ခေါင်းညိတ်လိုက်မိပါသည်။

ကိုယ့်ကားနှင့်ကိုယ် လာပါမည် ဆိုသော်လည်း မရပေ။သူကိုယ်
တိုင်ပဲ လာခေါ်ပါမည်ဟု အသည်းအသန်ပြော၏။သည်အတိုင်း
သာဆိုလျှင် လူတွေရိပ်မိကုန်တော့မှာပင်။သူ့ကို သေချာပြောပြ
ရပါဦးမည်။

ရေချိုးပြီးသွားသည်နှင့် ပေါ့ပေါ့ပါးပါး outfit တစ်စုံကိုယူကာ
လဲဝတ်လိုက်၏။ထို့နောက် အနည်းငယ်ပြင်ဆင်လိုက်ကာ ရေမွှေး
စွတ်လိုက်ပြီးလျှင် ပြင်ဆင်ခြင်းကို အဆုံးသတ်လိုက်တော့သည်။

အလုပ်တချို့ကိုတော့ ဝေယံနှင့် လွှဲထားခဲ့လိုက်ရသည်။အရေးတကြီးကိစ္စများ မရှိ၍သာ တော်တော့၏။

Ti... Ti.... Ti ...

ဖုန်သံမြည်လာသည်နှင့် စံလည်း ဖုန်းကို ချက်ချင်းကိုင်လိုက်လျှင်

"ကျွန်တော် အိမ်ရှေ့ရောက်နေပြီ။"

"အင်း... ဆင်းခဲ့မယ်။"

ထိုမျှသာ ပြောလိုက်ကာ စံလည်း အခန်းထဲက ထွက်လာလိုက်
တော့သည်။ထို့နောက် အောက်ထပ်သို့ ခပ်သွက်သွက်ဆင်းလာ
လိုက်၏။မေမေ အိမ်တွင်မရှိနေတာသည်လည်း တစ်မျိုးကောင်း
သွား၏။မဟုတ်လျှင် စံ အကြောင်းပြချက်တစ်ခုကို လိမ်ညာ‌၍
ပြောရဦးမှာဖြစ်သည်။

မေမေက ဖွားဖွားနှင့်အတူ အိမ်တက်အလှူတစ်ခုကို တရားနာအမီ
သွားကြတာဖြစ်၏။

အောက်ထပ်ကိုရောက်တာနှင့် အိမ်ရှေ့သို့ ခပ်မြန်မြန်လျှောက်
လာလိုက်ပြီးနောက် အသင့်စောင့်နေသည့် ကားထဲသို့ ဝင်ထိုင်
လိုက်တော့သည်။ထိုအခါ မောင်းသူနေရာတွင်ထိုင်နေသည့်
သူကလည်း စံ့ကိုကြည့်နေရင်းမှ စကားစ၏။

Professional Actor [Completed]Where stories live. Discover now