Final (Unicode)

23.8K 1.4K 108
                                    

ရုပ်ရှင်အတွက်ရိုက်ကူးရေးသည် စတင်ရိုက်ကူးနေကြပြီဖြစ်၍
တာဝန်ရှိသူများမှာ ကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေ၏။မကြာမီအချိန်တွင် ရိုက်ကူးရေးကိုစတင်နိုင်ရန်အတွက် ကိုယ်စီ ပြင်ဆင်နေကြသည်။မင်းသား မင်းသမီး တို့သည်လည်း stylist ကိုယ်စီနှင့်
ပြင်ဆင်နေကြသလို စက်အဖွဲ့ကလည်း တာဝန်ကျေနေကြ၏။

ဒါရိုက်တာဖြစ်သူသည်လည်း ရောက်ရှိနေပြီဖြစ်ပြီး သူ၏နေရာတွင်ထိုင်လျက် ဇာတ်ညွှန်းကိုကြည့်နေ၏။အနားရှိ shooting
manager ကလည်း ရိုက်ကွင်းတစ်ခုလုံးကို ဟိုဟိုသည်သည်လိုက်ကြည့်နေသည်။

သိသိသာသာကျယ်သည့်စကားသံတွေကလည်း ထိုအနီးအနားတစ်ဝိုက်တွင် ထွက်ပေါ်နေ၏။

"ရိုက်ကူးရေးလိုက်ရတဲ့နေ့လေးတွေ ပြန်ရောက်လာပြီဆိုတော့
အခုမှပဲ စိတ်ကပျော်တော့တယ်။"

"ဟုတ်ပါ့ဟယ် ဘာအလုပ်မှသေချာမလုပ်ရတော့ လူလည်းပျင်းရိထုံထိုင်းနေရော။"

"တို့ကတော့ မင်္ဂလာပွဲလေးနည်းနည်းလောက်ပြင်လိုက်ရတော့
အလုပ်မပျက်ဘူးလို့ပြောရမယ်။ဒါပေမဲ့ ရှင်တို့ကိုလွမ်းနေတာတော့အမှန်ပဲသိလား။"

"ကဲ မမတွေ ဒီတစ်ခါကျတော့ ဘယ်တစ်တွဲထွက်လာအုံးမလဲပေါ့နော်။"

"ငါမနေ့က မင်းသားအသစ်လေးကိုတွေ့လိုက်တယ်။ချောလိုက်တာဟယ်၊ဆင်လိုက်တာဆိုတာ ဘယ်လိုပြောပြရမှန်းတောင်မသိ။"

"မင်းသမီးလေးကလည်း တော်တော်ကိုလှပါတယ်ဟဲ့။ထိုင်းမလေးလိုလို ဘာလိုလိုလေး ရုပ်ကလေးက။"

"ဒီတစ်ကားမှာရော ဘယ်သူတွေအတွဲဖြစ်သွားမလဲ အရမ်းရင်ခုန်တာပဲ။"

"တို့နဲ့ မင်းသားအသစ်လေးနဲ့လေ ဟိ!"

ထိုနောက်ဆုံးတစ်ယောက်၏အပြောကြောင့် ကျန်သည့်သူများက
ရယ်ကြကုန်တော့သည်။ထိုအုပ်စုသည် မာမီချို၏ကလေးတွေဖြစ်ပြီး လိုအပ်သည်တို့ကိုဝိုင်းပြင်ဆင်နေကြရင်းနှင့် ရိုးရာမပျက်
လေလွှတ်နေကြတာဖြစ်သည်။တစ်‌ယောက်နှင့်တစ်ယောက် စစနောက်နောက်ဖြစ်နေကြပြီး မြင်ရသည်မှာ ပျော်စရာတော့ကောင်း၏။

Professional Actor [Completed]Where stories live. Discover now