Part-18 (Unicode)

19.1K 1.5K 92
                                    

"သူဘယ်အချိန်မှာသတိရလာတာလဲ ဝေယံ။"

ကားနောက်ခန်းတွင်ထိုင်နေသည့် စံက ကားမောင်း‌သူနေရာ
တွင်ရှိနေသည့် ဝေယံ့ကို မေးလိုက်ခြင်းဖြစ်သည်။အကြည့်တွေ
ကတော့ လက်ထဲတွင်ရှိနေသော ပွင့်နေသည့် ဖုန်း screen တွင်ဖြစ်သည်။စံ့အမေးကြောင့် ဝေယံကလည်း ပြန်ဖြေသည်။

"ညနေပိုင်းလောက်ပါ ကိုစံ။(၅)နာရီ ဝန်းကျင်လောက်ထင်တယ်။"

"အင်း.. သူ့မိသားစုဝင်တွေရော လာကြည့်ကြလား။"

"ဒီမနက်လာမယ်လို့ သိရပါတယ်။သူတို့ကိုလဲ မင်းသားရဲ့
မန်နေဂျာက မနက်ကမှ အဲ့သတင်းကိုပြောလိုက်တာ။"

"စိတ်တိုနေကြမယ်ထင်တယ်။"

"မင်းသားရဲ့မန်နေဂျာပြောပုံအရတော့ တော်တော်လေး
မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ် ကိုစံ။"

"ကျစ်... မတတ်နိုင်ဘူး ဖြစ်ပြီးမှတော့..။အစ်ကိုတို့လဲ
ဒီလိုဖြစ်လာဖို့ ရည်ရွယ်ခဲ့ကြတာမှမဟုတ်တာ။"

"သူတို့ဘက်က တရားတွေဘာတွေတော့ မစွဲလောက်ပါဘူးနော် ကိုစံ။"

"အင်း.. သူကတော့ မလုပ်လောက်ပါဘူး။သူ့မိဘတွေတော့
မပြောတတ်ဘူး။"

"ကိုစံက သေချာလှချည်လား။"

"ဟမ်.."

စံသည် ပြောမိပြီးကာမှ ကိုယ့်ကိုယ်ကိုယ် တစ်မျိုးဖြစ်သွားရ၏။
ဝေယံ့ကိုကြည့်လိုက်လျှင် သူ့အား ရယ်ကျဲကျဲလုပ်ကာ ကြည့်
နေလေသည်။ထို့ကြောင့် သူလည်း ဝေယံ့ကို တည်တည်တံ့တံ့
ပြန်ကြည့်လိုက်ကာ...

"အစ်ကိုပြောချင်တာက အခုလိုဖြစ်သွားတဲ့ကိစ္စက ပြဿနာ
ရှာရလောက်အောင်တော့ မဟုတ်လောက်ဘူးထင်လို့ပါ။"

"ကိုစံပဲ အရင်က သူ့ကိုပြဿနာမင်းသားဆို။ဘာမဟုတ်တာကို
တောင် ပြဿနာရှာတတ်တဲ့ သူ့လိုလူက ဒီကိစ္စကိုပြဿနာမရှာ
တာ ဖြစ်နိုင်ပါ့မလား။ကျွန်တော်တော့ မထင်ဘူးနော်။"

"............"

"ကျွန်တော်စတာပါ ကိုစံရဲ့။အဲ့လောက်ထိလဲ စိတ်မညစ်သွားပါ
နဲ့။"

"ဝေယံ... မင်းကတော့နော်။"

စံ၏အပြောကြောင့် ကားမောင်းနေသည့်ဝေယံက သဘောကျ
စွာရယ်သည်။

Professional Actor [Completed]Where stories live. Discover now