Chapter 9

11.2K 450 17
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

👩‍⚕Part~9👩‍⚕

"ဒါဆို လက်ထပ်ပွဲကို သား နဲ့ သမီးကဘယ်ရက်လုပ်ချင်လည်း"

သူ နဲ့သူမအပြင်ကပြန်လာတယ်ဆို မေကြီး နဲ့ ဖေကြီး ကသူကိုမပြန်စေပဲ ညစာစားပြီး မှပြန်ဆိုတာကြောင့် အန်တီလေးတို့ကလည်းရောက်တုန်းလေး တစ်ခြားအစ်မတွေဆီသွားနေတာမို့ အခုထမင်းဝိုင်းမှာ 4ယောက်သာရှိသည်။

"ကျွန်တော်ထက် သူမဖြစ်ချင်တာကအရေးကြီးပါတယ် prewedding photo ကရိုက်ပြီးပြီမို့ လက်ထပ်ဖို့ရက်သတ်မှတ်ပြီးမှ ကျန်တာဆက်လုပ်ရမှာ"

သူပြောတော့ ဆောင်းမိဘတွေပြုံးသွားတာ Mine တွေ့ဖြစ်အောင်တွေ့လိုက်ပါသေးသည်။သူဒီလိုပြောတယ်ဆိုတာ ယောက္ခမတွေဆီကအမှတ်လိုချင်လို့ စိတ်ထဲမပါတာပြောနေတာမဟုတ်။သူစိတ်ထဲမှာကိုက သူမဆန္ဒအတိုင်းလုပ်စေချင်တာပင်။သူမတို့မိန်းကလေးတွေက လက်ထပ်ပွဲနဲ့ပက်သက်ရင်စိတ်ကူးရင်တက်ကြတယ်လို့ သူကြားဖူးသည်။

"သမီးကတော့ အခုက 1ရက်နေ့ဆိုတော့ 13ရက်နေ့လုပ်ချင်တယ်မေကြီး၊13 ရက်မေ့လုပ်ချင်တာက ပဲပြုတ်နဲ့နံပြားလှူချင်လို့ ပြီးတော့ ဆေးရုံမှာရှိတဲ့မရှိဆင်းရဲမကုနိုင်တဲ့သူတစ်ချိူ့ကို ကုသပေးချင်တာ၊ကျန်တဲ့ပွဲကိုတော့ မေကြီးတို့ နဲ့ သူ့သူ့တို့သဘောပါ"

"အင်း ကိုယ်သဘောတူတယ် အဲ့နေ့ကြ ကိုယ်တို့လိုအပ်တဲ့နေရာတွေကို မင်္ဂလာဦးအလှူလုပ်ကြမယ် လက်ထပ်ပွဲကိုတော့ လူကြီးတွေစီစဥ်ကြပေါ့၊ပြီးတော့ ပူတူးလှူချင်တဲ့နေရာတွေစရင်းလုပ်ပြီး ကိုယ့်ဆီပို့ပေး အတူတူသွားလှူကြမယ်"

သမီးဖြစ်သူဘာပြောပြော ခေါင်းမခါပဲ ဟုတ်သည်မှန်သည်လုပ်နေတဲ့ ကောင်လေးကိုကြည့်က သူမတို့လင်မယားနှစ်ယောက်လုံးခေါင်းရမ်းမိသည်။အကြောင်းက ဒီလောက်အလိုလိုက်တဲ့လူနဲ့ သူတို့သမီးအသေဆိုးတော့မှာကို ကြိုတွေးမိလို့ပင်။

"အင်း ဒါကတော့နှစ်ယောက်လုံးသဘောတူပြီးရင်ရပါပြီ လက်ထပ်ပြီးရင်တော့ သားမိဘအိမ်မှာ 11 ရက်တိတိသွားနေရမယ်နှစ်ယောက်လုံး"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now