Chapter 10

11.3K 474 10
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

👩‍⚕Part~10👩‍⚕

"ပူတူး စိတ်ဆိုးနေတာလား "

လက်ထပ်လက်စွပ်သွားအပ်ရင်း designer မိန်းမကို သူပြောလိုက်တဲ့စကားကြောင့် ဆိုင်ထဲကပြန်ထွက်လာတယ်ဆို စကားမပြောပဲ ကားမုန်ဘက်ကိုလှည့်နေတာကြောင့် မေးလိုက်တော့....

"အဲ့တာကျွန်မမိတ်ဆွေလေ ရှင်နည်းနည်းတော့နားလည်ပေးမှပေါ့ ပြီးတော့ အစ်ကိုမင်းဗဟိုရ်ဆိုတာကလည်းကျွန်မအစ်ကိုလိုပဲ ရှင့်ထက်တောင်ရင်းနှီးသေးတယ်!"

ရှင့်ထက်တောင်ရင်းနှီးသေးတယ် ဆိုတဲ့စကားက သူမကဒီအတိုင်းစိတ်ဆိုးလို့ပြောလိုက်ပင်မဲ့ Mine ရင်ထဲမှာတော့ ခံစားသွားရတာတော့ သူမသိမှာမဟုတ်။Mine ဆိုတာကလည်း သူမရှေ့မှာဆိုနာကျင်တာကိုပြဖို့စိတ်ကူမရှိ။ပျော်ရွှင်မူသာ ပေးချင်တာသူဆန္ဒ။

"ဟုတ်တယ် ကိုယ်ဘက်ကမှားသွားတယ်"

"သိရင်ပြီးရော !"

သူရဲ့နာကျင်မူကာ ကားစီယာတိုင်ပေါ်ပုံကြသွားရပြီး မျက်နာအနေအထားကတော့ အမြဲတည်နေတဲ့သူဆိုတော့ ဘာမှမပြောတော့ပဲ ကားမောင်းသာကိုပဲ အာရုံစိုက်လိုက်သည်။Mine စိတ်ထဲမကောင်းဖြစ်သွားပင်မဲ့ ခဏသာ တစ်နေရာအရောက် အချဥ်ပေါင်းသည်တွေ့တယ်ဆို ကားရပ်ခိုင်းတဲ့သူမကြောင့် သူလမ်းဘေးထိုးရပ်ပေးလိုက်တော့ သူမကကားပေါ်ကဆင်းသွားပြီး အချဥ်ပေါင်းသည်ရှိရာသွားတာကြောင့် သူပါလိုက်သွားမိသည်။

ဆောင်း အချဥ်ပေါင်းသည်နားရောက်မှ သွားရည်တောင်ကျချင်လာရသည်။အသီးအစုံကို သူ့အကန့်နဲ့သူခွဲထားပြီး မှာထားသမျှကို သုပ်ပေးနေတာများ စားချင်စရာ။

"ပူတူး ဘာစားမှာလဲ "

"ဂွေးသီး"

"ဟမ် !"

သူမပြောတဲ့စကားကြောင့် သူမှာကြောင်သွားရသည့်အဖြစ်။ပြင်သစ်မှာ ကြီးပြင်းခဲ့သူမို့ သူမပြောတဲ့အသီးလည်း သူမကြားဖူး။သူမက ထူးထူးဆန်းဆန်းအသီးနာမည်ကြီးကြောင့်သူ့မှာ လန့်သွားရသည့်အပြင် တခြားဝယ်နေသူတွေကိုကြည့်တော့လည်း မထူးဆန်းတဲ့ပုံမို့ ။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now