အရှိန်နှင့် နင်းလာသည့် စက်ဘီးတစ်စီးသည် လမ်းအသွယ်သွယ်ကို ဖြတ်ရင်း တစ်နေရာသို့ ဦးတည်နေသည်။ စက်ဘီးထက်က ကောင်လေးသည်လည်း တစ်စုံတစ်ခုအား စိတ်လောနေသည့် ပုံရိပ်သည် မျက်နှာတွင် ထင်ဟပ်နေသည်။
"မင်္ဂလာပါ အဖွား မင်္ဂလာပါ ဒေါ်ကြီး"
သို့သော်သူသည် လမ်းသွားလမ်းလာများကိုတော့ အပြုံး ချိုချိုလေးဖြင့် နှုတ်ဆက်ရန် မမေ့လျော့ပေ။
"ဟဲ့ ထယ်ရယ်လေး စက်ဘီးကို ဖြေးဖြေးနင်းသွားလေ အော် ဒီကလေးနှယ် အလောတကြီးနဲ့ တစ်ခုခုဖြစ်ကုန်မှ"
နောက်က အဖွား၏ စိုးရိမ်တကြီး ပြောသံကိုလည်း ထယ်ရယ်ဆိုသည့် ကောင်လေးသည် မကြား။ သူ၏ အာရုံတို့သည် အိမ်သို့ မြန်မြန်ပြန်ရောက်ဖို့သာ။
အိမ်သို့ ရောက်တော့လည်း စက်ဘီးကို အမြန်ပစ်ချကာ အိမ်ပေါ်သို့ ဒုန်းဆိုင်းပြေးတက်သွားသည်။
"ကင်မ်ထယ်ရယ် အလောတကြီးနဲ့"
အမေဖြစ်သူက လှမ်းအော်သည်။
"ဒီနေ့ သူ့ရဲ့ အထက်တန်းဝင်ခွင့်စာ ထွက်မှာလေ မိန်းမရဲ့"
"အဲ့တာကို အလောတကြီးနဲ့"
အိမ်အပေါ်ထပ်က ထယ်ရယ်ကတော့ ကွန်ပျူတာကို ဖွင့်လိုက်ပြီး ကီးဘုတ်ခလုတ်ပေါ်တွင် တတောက်တောက်ဖြင့် အလျင်အမြန်ရိုက်နှိပ်နေသည်။
အားလုံးရိုက်ထည့်အပြီး Enterခလုပ်အား မျက်စိမှိတ်ကာ နှိပ်ချလိုက်ပြီး ထွက်ပေါ်လာသည့် အဖြေကို တဖြေးဖြေးချင်း ပြန်လည်ကြည့်လိုက်ချိန် မျှော်လင့်နေသည့် အဖြေက စောင့်ကြိုနေသည်။
"Congratulations TAERAE KIM.
You have been admitted to Seoul National University.""ရေးးးးးးးးး"
"အမယ်လေး ဒီကောင်လေး ဘာဖြစ်ပြန်ပြီလဲ"
အိမ်အောက်ထပ်မှ ထယ်ရယ့် မေမေ၏ ရေရွတ်သံပင်။ ထိုအချိန် အနောက်မှ အသံတဆာဆာနှင့် အော်ရင်း ပြေးဆင်းလာပြန်သည့် ထယ်ရယ်။
"မား ကျွန်တော် ဆိုးလ်မှာ ကျောင်းသွားတက်ရတော့မယ်ဗျ"
ထိုမှသာ သူမသည် ဂယက်တစ်သိန်းဖြစ်နေသည့် ထယ်ရယ်အား နားလည်သွားရသည်။ သူမကို ပွေ့ဖက်ထားသည့် ထယ်ရယ်ကို ပြန်လည်ပွေ့ဖက်လိုက်ရင်း