ထယ်ရယ်ညဘက်ရောက်တော့ ထယ်ရယ်ကွန်ပျူတာ သုံးနေရင်း ဝင်လာသည့် မေးလ်ကြောင့် မျက်နှာထက် အပြုံးတို့ ပေါ်လာရပြန်သည်။ တကယ်တော့ ထယ်ရယ်သည် ဒီပြန်စာကို စောင့်နေခဲ့တာမလား။
"အများကြီး ဂုဏ်ယူပါတယ် ငါတို့ရဲ့ ထယ်ရယ်"
အစကတော့ ပြန်စာနောက်ကျသည့် ဂျောင်ဟျွန်းကို ထယ်ရယ် စိတ်ကောက်မည်ဟု ကျိန်းထားသော်လည်း စာပို့ချင်သည့် စိတ်က ကြီးစိုးနေသည်မလို့ ပြန်စာသာ ပို့လိုက်သည်။
"အွန်း ကျေးဇူး ကျေးဇူး ငါလေ အရမ်းရင်ခုန်နေတယ်သိလား"
"ဟင် ဘာလို့လဲ"
"ဆိုးလ်ကိုလည်း လာရမယ် ပြီးတော့ ဆိုးလ်မှာဆို မင်းနဲ့လည်း တွေ့နိုင်မယ်လေ"
အမှန်တကယ်လည်း ထယ်ရယ်အလွန်ပျော်နေပါသည်။ ဆိုးလ်ကို သွာရမည်ဆိုတာထက် သူ၏ ရုပ်မမြင်ဖူးသည့် လေလိုင်းပေါ်က သူငယ်ချင်းလေး ဂျောင်ဟျွန်းကို တွေ့နိုင်မည်မလို့လေ။
သို့ပေမဲ့ ရယ်စရာနှောရင်း ပြန်စာပို့လာသည့် ဂျောင်ဟျွန်း၏ စာကြောင့် ထယ်ရယ် သတိမထားမိပဲ နှုတ်ခမ်းလေး ထော်မိသွာရသည်။
"ဆိုးလ်က အကျယ်ကြီးလေ ချောနန်သားလေးက တွေ့အောင်ရှာနိုင်မှာတဲ့လား 😜"
"ဂျောင်ဟျွန်း မင်းက အထင်သေးတာနော် စောင့်ကြည့်ထား ငါမင်းကို အမိဖမ်းပြမယ်"
"ㅎㅎㅎ စတာပါ ထယ်ရယ်ရဲ့ ထယ်ရယ်ရှာစရာမလိုအောင်ကို ဂျောင်ဟျွန်းက ထယ်ရယ့် ရှေ့ပေါ်လာပေးမှာ"
ထိုစာကြောင့် ထယ်ရယ့်မျက်နှာတွင် ပြုံးရိပ်လေး ပြန်သန်းလာခဲ့သည်။ အမှတ်မထင်ခင်မင်ခွင့် ရခဲ့သည့် မျက်နှာတောင် မသိပဲ နာမည်တောင် မျိုးရိုးနာမည်ကို မသိတဲ့ သူတစ်ယောက်က ထယ်ရယ့်အတွက် နွေးထွေးမှု ပေးနိုင်လွန်းပါသည်။
"ဂျောင်ဟျွန်း မင်းကော အဆင်ပြေရဲ့လား"
ပြောနေသည့် အကြောင်းအရာနှင့် မဆက်စပ်သော်ငြား ထယ်ရယ်မေးလိုက်မိပါသည်။
"codingတွေကြည့်နေတာ အဆင်ပြေချက် 🤣🤣"
ဂျောင်ဟျွန်းက တမင်ပြောလိုက်မှန်း စကားပြောတာ ကြာလာပြီဖြစ်တဲ့ ထယ်ရယ်သိပါသည်။ သို့ပေမဲ့လည်း အဆင်ပြေတဲ့ ပုံဖမ်းနေသည့် ဂျောင်ဟျွန်းကြောင့် ထယ်ရယ်က ဆက်မမေးတော့ပဲ စကားလမ်းကြောင်းသာ လွှဲလိုက်တော့သည်။