일곱

80 16 0
                                    

မနက်ကတည်းက သူ့ရဲ့ အဝတ်ဘီဒိုထဲက အစိမ်းရောင်အင်္ကျီတွေကို တစ်ခုပြီး တစ်ခုလဲကြည့်လိုက် သူ့ကိုလာရွေးခိုင်းလိုက်လုပ်နေသည့် အီဂျောင် ဟျောင်းကို မွန်းဂျောင် တော်တော်လေး မျက်စိနောက်နေပြီဖြစ်သည်။

"ဟျောင်း နောက်ထပ်လဲလည်း အဲ့အစိမ်းရောင်ပဲ ဖြစ်နေမှာကို ဘာများထူးခြားနေမှာမလို့လဲ"

"ရား ငါဒီနေ့ ကြည့်ကောင်းနေမှရမယ်။ မြန်မြန် ရွေးပေး။ ဒါနဲ့ ဒါ ဘယ်ဟာပိုကြည့်ကောင်းလဲ"

မြန်မြန်ပြီး ပြီးရော တစ်ထည်ကိုသာ လက်ညှိုးထိုးပြလိုက်တော့သည်။

"အွန်းးး ဒါက သိပ်မကောင်းဘူး ဒီအစိမ်းနုလေးပဲ ဝတ်လိုက်တော့မယ်"

မွန်းဂျောင် စိတ်ထဲ တော်တော်လေးတင်းသွားပြီ။ ဒါနဲ့များ လာရွေးခိုင်းနေသေးတယ်။ ဘယ်သူနဲ့များ ဒိတ်မှာမလို့ ဒီလောက်သနေရတာလဲမသိပေမဲ့ ပထမဆုံးနေ့မှာပင် ရေနဲ့ အပတ်ခံရပါစေလို့ စေတနာ ဗလပွနှင့် မွန်းဂျောင် ဆုတောင်းပေးလိုက်မိသည်။

ကိုယ့်ကိုယ် အေးဆေးလေး ဂိမ်းဆော့ဖို့အရှိန်ယူလိုက်နေတုန်းမှာပဲ အီဂျောင် ဟျောင်း၏ အသံနက်ကြီးက ထွက်လာသည်။

"မွန်းဂျောင် မင်းကော လိုက်ခဲ့ရမှာနော်"

အားရှ် အီဂျောင် ရေနဲ့ အပတ်ခံရုံတင်မက ပါးပါ အရ်ုက်ခံရပါစေ။

ထယ်ရယ် မနက်နိုးလာကတည်းက ရင်တွေခုန်နေခဲ့သည်။ ဒီနေ့ သူ ဂျောင်ဟျွန်းနဲ့ တွေ့ရတော့မည်။ သူသိထားတဲ့ ဂျောင်ဟျွန်း ၂ယောက်ထဲက ဘယ်တစ်ယောက်လဲဆိုတာ သေချာသိရတော့မည်လေ။

နာရီကို ကြည့်လိုက်တော့ ၉နာရီ ၁၅မိနစ် ဘတ်စ်ကားဂိတ်သွားမည့်အချိန်နှင့် ဘတ်စ်ကား စီးမည့်အချိန် တွက်ကြည့်လိုက်လျှင် ၁၀နာရီကွက်တိလောက် ရောက်မည်မလို့ ထွက်ရန်ပြင်လိုက်တော့သည်။ မထွက်ခင် နောက်ဆုံးအနေနှင့် မှန်ကို ကြည့်ကာ သေချာပြင်လိုက်သေးသည်။

ကိုယ်တိုင်ပြင်ဆင်ထားသည့် နှင်းဆီဖြူလေးကို ယူခဲ့ဖို့လည်း မမေ့မလျော့...

ချိန်းထားသည့် နေရာကို စောရောက်နေပြီး ထိုင်မရ ထမရဖြစ်နေသူမှာ အီဂျောင်ဖြစ်ပြီး ထိုသူကိုကြည့်ပြီး မျက်စိနောက်သူမှာ မွန်းဂျောင်ပင်။

Jeonghyeon..?Where stories live. Discover now