Chapter 23.3

2.6K 529 13
                                    

Unicode

Chapter 23.2 – ရှင်းရှင်းရဲ့ဘဝ + မင်းအပြုံးက တန်ဖိုးမဖြတ်နိုင်ဘူး
__________________________

နောက်တစ်နေ့တွင် ရှဲ့မိသားစုမှာ ဆက်လက်မငြိမ်းချမ်းတော့။

မနေ့ညတုန်းက ရှဲကော်ရွှီနဲ့လျိုရှို့တို့နှစ်ယောက်လုံးမှာ သူတို့အား စိတ်အနှောင့်အယှက်ပေးနေတဲ့အခြားကိစ္စရပ်တွေ ရှိနေတာမို့ TVမကြည့်ခဲ့ရပေမဲ့ ယွင်ရွှေမြို့မှ အိမ်ထောင်စုတစ်စုလောက် TVကိုကြည့်လိုက်သရွေ့ ရှဲ့မိသားစု၏ကိစ္စရပ်တွေကို ထပ်မံမဖုံးကွယ်ထားနိုင်တော့ပေ။ သိပ်မကြာလိုက်ပါဘဲ သတင်းတွေက တစ်မြို့လုံးပျံ့နှံ့သွားခဲ့လေသည်။

လျိုရှို့ ဟင်းချက်စရာတွေဝယ်ဖို့ မနက်စောစောဈေးသွားတဲ့အချိန် မြို့ထဲရှိလူတိုင်းက ထူးဆန်းသောအကြည့်တွေဖြင့် သူမအားကြည့်နေကြကြောင်းကို သတိပြုမိသွား၏။

ထိုစိုက်ကြည့်မှုတွေကြောင့် သူမစိတ်အနှောင့်အယှက်ဖြစ်သွားရပေမဲ့ သူမရဲ့တည်ငြိမ်မှုကို ထိန်းကာ အသားဝယ်ရန် ဝယ်နေကျဆိုင်သို့ သွားလိုက်သည်။ ဆိုင်ရှင်က သူမကိုမြင်မြင်ချင်း အမူအရာကနက်မှောင်သွားပြီး
“အိုး ဒါဘယ်သူများလဲလို့? နင်တို့ နေ့တိုင်းအသားစားနိုင်နေမှတော့ နင်တို့အစ်ကိုကြီးရဲ့လျော်ကြေးငွေကို ခုထိမသုံးရသေးဘူးလို့ ဆိုလိုတာပဲမလား”

လျိုရှို့၏နှလုံးသားက စည်းချက်တစ်ခုခုန်ကျော်သွား၏။ သူမကျယ်လောင်စွာ ဝေဖန်အပြစ်တင်လိုက်တော့သည်
“နင် ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ?!”

ဆိုင်ရှင်က နှာခေါင်းရှုံ့ကာ
“နင်အခုထိ မသိသေးဘူးလား? နင်တို့မိသားစုအကြောင်း အရာအားလုံးကို TVပေါ်မှာ ပြပြီးသွားပြီ။ နင်တို့မိသားစုမှာရှိတဲ့ ရှဲ့ကျုံ့ရှင်းက နင်တို့သားအရင်းမဟုတ်ဘူးမလား? ငါသိသားပဲ။ နင် သူ့ကိုခေါ်လာတာမျိုး ငါမမြင်ဖူးလို့ ငါသိချင်နေမိတာ။ အဲ့ကလေးက တက္ကသိုလ်ကောင်းတစ်ခုကို အလွယ်လေးဝင်နိုင်တဲ့သူလေ၊ အဲ့ဒါကို နင်တို့က သူ့ကိုကျောင်းထုတ်ချင်ကြသေးတယ်ပေါ့? ဟာသပဲ”

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now