Chapter 27

3.2K 528 8
                                    

Unicode

Chapter 27 - ချင်းဟွာနဲ့ပီကင်းတက္ကသိုလ်ကို တက်ရောက်ဖို့ အိပ်မက်

__________________

ကောမျိုးရိုးအမည်ရှိရှေ့နေတစ်ယောက်က ရှဲ့ကျုံ့ရှင်းဆီ ချဉ်းကပ်လာချိန် ဖြစ်ချင်တော့ ၎င်းက မိုးရွာတဲ့နေ့တစ်နေ့ပင်။

ထိုရှေ့နေက သူ့ကိုယ်သူ မြို့တော်တွင် စွမ်းဆောင်မှုအရှိဆုံးရှေ့နေအဖြစ် ကြေငြာလာခဲ့ပြီး ရှဲ့ကျုံ့ရှင်း၏တရားစွဲဆိုမှုကိစ္စနှင့်ပတ်သက်၍ သူကူညီပေးနိုင်ပါကြောင်း ဖော်ပြလာခဲ့သည်။

သို့တစေ ရှဲ့ကျုံ့ရှင်းနှင့်အတူ အစဉ်အမြဲရှိနေခဲ့သည့်ချင်ကျုံးယွဲ့က နှာခေါင်းရှုံ့ကာ ကြားဖြတ်ပြောလိုက်၏
"သူ့အတွက် ကျွန်တော် ရှေ့နေတစ်ယောက်ရှာထားပြီးသား၊ ကျွန်တော်တို့ ခင်ဗျားကို မလိုအပ်ဘူး!"

သူ့လေသံက သိပ်မကောင်းနေပေ။ ရှဲ့ကျုံ့ရှင်းက သူ့အား အကြည့်တစ်ချက်ပေး၍ စကားဆိုလိုက်သည်
" စိတ်မကောင်းပါဘူး၊ ကျွန်တော့်မှာ တကယ်ကို ရှေ့နေတစ်ယောက်ရှိပြီးသားမို့ပါ။ ခင်ဗျား ဒီနေရာဆီ လမ်းတစ်လျှောက်လာရောက်ခဲ့ရတာကို အလဟဿဖြစ်စေမိပြီ"

ချင်ကျုံးယွဲ့၏ဆိုးရွားလှတဲ့လေသံနှင့် သဘောထားအတွက် အကြောင်းပြချက်ရှိပေသည်။ သူက အတော်လေးထုံထိုင်းသော်ငြား ရှဲ့ကျုံ့ရှင်းပါဝင်ပတ်သက်နေတဲ့မည်သည့်အရာကိုမဆို အထူးတလည်ကို ထိလွယ်ရှလွယ်ဖြစ်တတ်၏။ ဤရှေ့နေကို သူမြင်လိုက်ရတဲ့အခိုက်တွင် သက်သောင့်သက်သာဖြစ်တယ်လို့ သူမခံစားရပေ။ ထိုခံစားချက်ဘာမှန်း သူမရှင်းပြနိုင်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူထိုရှေ့နေအား သဘောမကျပေ။

နောက်ဆုံးရှေ့နေဖြစ်သူစကားပြောလာတဲ့အချိန် ဘာကြောင့်မှန်း သူရုတ်ခြည်းနားလည်သွားခဲ့သည်။ ရှေ့နေကိုကြည့်ရတာ ကြင်နာပုံပေါ်ပေမဲ့ ထောင်လွှားကာ အထက်စီးဆန်တဲ့အငွေ့အသက်ကို ပေးစွမ်းနေ၏။

ဘာလဲ? သူက အကောင်ကြီးကြီး ရှေ့နေလေးတစ်ယောက်ဖြစ်နေတာလေးကြောင့်နဲ့ ရှဲ့ကျုံ့ရှင်းကို ကိုယ်စားပြုပေးတာက သူ့ကိုယ်သူနှိမ့်ချနေတာပဲလို့ ခံစားနေရတာလား?

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now