Chapter 12

11.4K 489 23
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 12

သူရေချိူးခန်းကထွက်လာတော့ လူလည်မှာလေးက စောင်ခြုံပြီး အိပ်နေပင်မဲ့ ခြေထောက်လေးကမငြိမ်တာမို့ အိပ်ချင်ယောင်ဆောင်နေမှန်းသိသည်။သူလည်းလဲဖို့အဝတ်အစားက ကားပေါ်မှာပဲထားခဲ့တာကြောင့် ရေချိူးဝတ်စုံနဲ့ပဲ အိပ်ရမှာသေချာသည်။ကားထဲသွားယူလို့ရပင်မဲ့ မမြင်ချင်တဲ့မျက်နာတွေမြင်နေရမှာဆိုးတာကြောင့်ပင်။

မွေ့ယာအိကနဲ့ဖြစ်သွားတာမို့ သူဝင်လှဲပြီဆိုတာသူမသိပင်မဲ့ လှည့်တော့မကြည့်။သူမလှည့်ကြည့်လိုက်ရင်မအိပ်သေးတာသူသိသွားမှာကြောင့်ဖြစ်သည်။

Mine သူမကို ခြေထောက်နာနေမှန်းသိရဲ့သားနဲ့တစ်ခုခုလုပ်ဖို့ မတွေးထားတာကြောင့် တစ်ခါထဲကိုယ့်ကိစ္စကို ရေချိူးခန်းထဲမှာဖြေရှင်းခဲ့ပြီးသားပင်။ဒါပင်မဲ့ မအိပ်သေးပဲအိပ်ချင်ယောင်ဆောင်နေတဲ့ ပူတူးကစချင်နေတာမို့ သူမအနားကပ်လှဲလိုက်ရင်း သူမခါးကိုဖက်လိုက်တော့....

"ရှင် သူ့စေရာ ! ဟင်"

သူမခါးကိုလာဖက်တာကြောင့် အနောက်ကိုလှည့်ကြည့်မိတော့ သူက ရေချိူးဝတ်စုံနဲ့မို့ အလန့်တကြားဖြစ်သွားရကာ ထထိုင်လိုက်တော့.....

"အိပ်မယ်လေ ! ကိုယ်ကအိပ်နေပြီထင်တာ မအိပ်သေးဘူးဆိုလဲ"

ဆိုပြီး သူမကိုမျက်ခုံးတစ်ဖက်ပင့်ပြသည်။သူ့စကားကြောင့် သူမတံတွေးတောင်မျိူချမိသည်။သူဝတ်ထားတဲ့ရေချိူးဝတ်စုံက သူအရပ်ကြီးနဲ့ တိုနေသလို ရင်ဘက်ကြီးကလည်း မလုံတာမို့ မျက်နာလွဲထားရသည်။

"ပူတူးပဲ အစစ်အမှန်ပဲဖြစ်ချင်တယ်ပြောတယ်မဟုတ်လား အခုလည်း "

"မဟုတ်ဘူး ကျွန်မပြောတာကလက်ထပ်တာကိုပြောတာ၊အတူတူ လက်တွဲသွားမှာလည်းအမှန်၊Sex ကိစ္စကတော့ ရှင်နဲ့ ကျွန်မတစ်ယောက်ပေါ်တစ်ယောက် ချစ်မှပဲ"

သူတစ်ခုခုလုပ်မှာလည်းဆိုးသေး လေသံကလည်းနည်းနည်းလေးမှာတောင်းပန်တဲ့လေသံမဟုတ်တာသေချာသည်။သူမကိုသဘောကျတဲ့အထဲမှာ သိမ်ငယ်တဲ့စိတ်၊သူမအမိန့်ကို ခေါင်းငုံမခံတဲ့ပုံစံလေးကိုက သူနဲ့တကယ်ကိုလိုက်ဖက်တဲ့အဓိကအချက်။သူမကိုချစ်တာကတော့အကြောင်းအရင်းဆိုရင်မရှိပါ။ဆောင်းဦးလွင်က သူမမို့ချစ်တာ။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now