Chapter 14

8.3K 438 8
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 14

သူတို့ပဲရစ်လေဆိပ်ဆင်းတယ်ဆို သူမရဲ့အန်တီနဲ့ အန်ကယ်က သူတို့စီစဥ်ထားတဲ့ကားနဲ့ပြန်သွားပြီးမို့ သူမသူ့ကိုကြည့်တော့ တစ်စုံတစ်ယောက်ကိုဖုန်းဆက်နေသည်။

"ရှင်လာကြိုဖို့လူမခေါ်ထားဘူးလား"

"ကိုယ့်ကားလာပို့ခိုင်းထားတာ ရောက်နေပြီတဲ့ ၊ဒါပင်မဲ့ လေဆိပ်အပြင်မှာ ပူတူးလမ်းလျှောက်ဖို့အဆင်ပြေတယ်မယးဟုတ်လား "

"ပြေပါတယ် ဒါဆိုသွားရအောင်လေ၊လေယာဥ်က သုံးဆင့်တောင်စီးလာရတာပင်ပန်းနေပြီ"

တကယ်လည်း မျက်နာလေးနွမ်းနေတဲ့သူမကြောင့် သူရဲ့ Luggage ရော သူမရဲ့ Luggage ရောသူယူကာ လေဆိပ်အပြင်ကို ထွက်လာလိုက်သည်။သူတို့ကိုစောင့်ကြည့်တဲ့သူရှိမှာဆိုးလို့ သူကတောအရင်အတိုင်းဝတ်စားထားပင်မဲ့ သူမကိုတော့ ဦးထုတ်ကိုစောင်းခိုင်းထားတဲ့အတွက် သူမမျက်နာမြင်မှာမဟုတ်။

သူမကိုထိခိုက်မှာ သူမလိုချင်။သူလုပ်တဲ့ကိစ္စတွေကအမှန်ဆိုပင်မဲ့ တိုက်ခိုက်လာရင် သူကိုသာတိုက်ခိုက်ချင်သလို တိုက်ခိုက်ပါစေ သူမကိုထိလာရင်တော့ ဘောပင်ကိုင်နေတဲ့သူ့လက်က သေနတ်ပြောင်းကိုင်ဖို့ဝံလေးနေမှာမဟုတ်။

သူတို့ ပဲရစ်ကလေဆိပ်ရှေ့ရောက်တယ်ဆို သူစီးနေကြကားကအဆင့်သင့်အပြင် သူ့ဘေးနားကလျှောက်သွားတဲ့ မျက်နာဖုံးဝတ်ထားတဲ့လူက ကားသော့ပစ်ပေးတာမို့ သူနှုတ်ခမ်းတွန့်ပြုံးလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်တော့ ထိုလူကထွက်သွားသည်။

Mine ကားသော့ကိုကိုင်ထားရင်း Luggage နှစ်ခုကိုကားနောက်ဖုံးဖွင့်ကာထည့်လိုက်ပြီး သူမကအလယ်ခန်းမှာဝင်ထိုင်ဖို့လုပ်နေတာကြောင့်....

"ပူတူး ခရီးပန်းလာတာနောက်ခန်းကထိုင်တော့မူးမှာပေါ့"

"အိပ်ချင်လို့"

ပြောလည်းပြော မျက်လုံးလေးကလည်းစင်းလာတာမို့ သူနားလည်တာကြောင့် ကားတံခါးဖွင့်ပေးလိုက်တော့ သူ့တစ်ယောက်ထဲရဲ့မူပိုင်လေးက ပိုက်ဆံအိတ်ကို ခေါင်းဦးကလှဲလိုက်တာကြောင့် သူကားတံခါးကိုပိတ်ပြီး အရှေ့ခန်းဝင်ထိုင်ကာ လေဆိပ်ထဲကမောင်းထွက်လာလိုက်သည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now