3 : စီနီယာကထူးခြားတယ်

1K 165 25
                                    

ယူဂျင်းရဲ့ဘဝမှာ တစ်ပုံစံတည်းတူတဲ့ မျက်နှာတွေကြားမှာပဲနေထိုင်ခဲ့ရသည်။ မျက်နှာတွေတူနေတာကြောင့် သူသိတဲ့သူဟုတ်မဟုတ်ဆိုတာကိုတန်းမသိနိုင်တဲ့အတွက် အားလုံးကသူစိမ်းတွေလိုပင်။

အိမ်မှာတောင် ဖေဖေရယ်၊မေမေရယ်၊အဒေါ်ကြီးရယ်၊ဦးလေးကြီးရယ်ကို အသံတွေနဲ့ခွဲမှတ်ထားလို့သာအဆင်ပြေနေတာဖြစ်သည်။ဒါတောင်တစ်ခါတလေ အရပ်အမောင်းချင်းတူတဲ့ ဖေဖေနဲ့ဦးလေးကြီးကိုမှားတတ်သေးသည်။

ကိုယ့်မိဘကိုတောင် မမှတ်မိနိုင်တဲ့ သူ့အဖို့ လူအများကြီးရှိတဲ့နေရာကိုသွားပြီး လူတောတိုးဖို့ဆိုတာကမဖြစ်နိုင်တဲ့အရာတစ်ခုပင်။

အဲ့ဒါကြောင့်လည်း ငယ်ငယ်လေးကတည်းက လူဦးရေနည်းတဲ့ privateကျောင်းမျိုးကိုသာရွေးချယ်တက်ခဲ့တာဖြစ်သည်။ အဲ့လိုနေခဲ့တာတောင်မှ ကျောင်းမှာအနိုင်ကျင့်ခံခဲ့ရဖူးလို့ လူတွေနဲ့ဆက်ဆံဖို့ကိုယူဂျင်းကြောက်လာခဲ့သည်။

အဲ့လိုကနေ တစ်ယောက်တည်းသီးသန့်နေဖြစ်ခဲ့ရင်းသူ့ဘဝမှာ သူငယ်ချင်းဆိုတာမရှိခဲ့သလို မဖြစ်မနေလိုအပ်တဲ့အရာလို့လည်းယူဂျင်းမထင်ခဲ့မိ။

သူ့ဘဝမှာ ဖေဖေရယ်၊မေမေရယ်၊သူချစ်တဲ့တိရစ္ဆာန်လေးတွေရယ်၊ပန်းချီကားတွေရယ်သာရှိရင်အရာရာပြီးပြည့်စုံနေခဲ့ပါသည်။

ဒါပေမဲ့ မထင်မှတ်ဘဲ ကံကြမ္မာလှလှလေးတစ်ခုက သူ့ကိုလာချည်နှောင်ခဲ့သည်။

အဲ့နေ့က ယူဂျင်း အတန်းဖော်တွေကသူ့ပုံစံကိုထူးဆန်းတယ်ဆိုပြီး တစ်ယောက်ပြီးတစ်ယောက်စကားတွေလာပြောနေကြလို့ စိတ်ရှုပ်နေလာတာနဲ့ ဘယ်သူမှမရှိလောက်တဲ့ခေါင်မိုးထပ်ကိုပြေးတက်လာခဲ့တာ။

ဖြစ်ချင်တော့ headphonesတပ်ထားတဲ့ တစ်စုံတစ်ယောက်နဲ့ဆုံခဲ့ရသည်။ သူက မျက်နှာအမူအရာတွေကိုမခန့်မှန်းတတ်ပေမဲ့ အဲ့တစ်ယောက်ကသူ့ကိုကြည့်ပြီး ပါးစပ်မစိနိုင်အောင်ပြုံးနေတာကိုမြင်တော့ သူ့ရုပ်ကပဲရယ်စရာကောင်းနေတာလားလို့တောင်တွေးခဲ့မိသေးတာကို မှတ်မိပါသေးသည်။

ပြီးတော့ သူ အဲ့အချိန်တုန်းက လှေကားကနေ‌ပဲအမောတကောပြေးတက်လာခဲ့ရလို့ headphonesတပ်ထားတဲ့လူရဲ့ဘေးမှာချထားတဲ့ သူ့ favorite chocolate milkလေးကိုမြင်တာနဲ့သောက်ချင်စိတ်ဖြစ်လာလို့ကြည့်လိုက်မိတာကို တကယ်ကြီးသောက်မလားမေးလာတော့ ဟန်တောင်မဆောင်နိုင်ဘဲ ယူသောက်ခဲ့မိသည်လေ။

Dearest : Baby Yujinnie Where stories live. Discover now