8 : ချစ်ရင်ကိုကိုလို့ခေါ်ပေးမလား

678 90 10
                                    

"" Babyကကောင်းကောင်းနားရဦးမှာဆိုတော့ ဒီနေ့ ကျောင်းမသွားနဲ့ ကိုယ်လည်းမသွားဘူး ""

သူ့စကားဆုံးသည်နှင့် ယူဂျင်းကမျက်မှောင်ကြီးကျုံ့ပြီးစိုက်ကြည့်လာသည်ဖြစ်ရာ ပြုံးစိစိဖြစ်နေတဲ့ဂယူဗင်းလည်းမျက်လုံးအဝိုင်းသားလေးဖြင့်အူကြောင်ကြောင်လေးဖြစ်သွားရသည်။

"" ဘာလို့ကိုယ့်ကိုအဲ့လိုကြီးကြည့်နေတာလဲ ""

"" ကျွန်တော့်ကိုအကြောင်းပြပြီးစီနီယာကျောင်းပြေးမှာကိုမကြိုက်လို့လေ ""

"" တစ်ရက်လေးပဲလေ Babyရဲ့
ပြီးတော့ဒီနေ့ကကိုယ့်မွေးနေ့ပဲဟာ
Babyနဲ့အတူတူရှိချင်တာပေါ့လို့
Babyလည်းမပြောခဲ့ဘူးလား
ကိုယ့်မွေးနေ့မှာ 0နာရီကစပြီး
ကိုယ်နဲ့အတူတူရှိချင်တယ်ဆို? ""

ဂယူဗင်း မျက်နှာလေးကိုဆီးရွက်လောက်ငယ်ရင်း ခပ်ချွဲချွဲလေးပြော‌လိုက်တော့ ယူဂျင်းကတွေဝေသွားတဲ့ပုံစံလေးနဲ့မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့မျက်နှာကိုစေ့စေ့ကြည့်လာလေသည်။

ထိုအခါ အသည်းနှလုံးပေါ်ပုရွက်ဆိတ်76ကောင်ဖြတ်ပြေးသွားသလိုမျိုး အသည်းယားသွားရသူမှာ ဂယူဗင်းသာဖြစ်သည်။

"" အခုကိစ္စနဲ့ဘာမှမဆိုင်ပေမဲ့ ဖြတ်ပြောလိုက်ဦးမယ် Babyရဲ့အိပ်ရာထခါစပုံစံလေးကအရမ်းချစ်ဖို့ကောင်းတာပဲ ကိုယ်အာဘွားပေးလို့ရမလား ""

သူ့ရဲ့ရုတ်တရက်ဆန်တဲ့ခွင့်တောင်းမှုကြောင့် ယူဂျင်းမျက်လုံးလေးတွေဝိုင်းစက်သွားခဲ့ကာ... ခဏကြာတော့ နှုတ်ခမ်းလေးကိုဟိုဘက်ပို့သည်ဘက်ပို့လုပ်ရင်း သူ့ကိုမကြည့်ဘဲပြန်ဖြေလာသည်မှာ... ' အွန်း ' ဆိုတဲ့ ချစ်စရာခွင့်ပြုချက်လေးပင်ဖြစ်သည်။

အဲ့လို ယူဂျင်းဆီက ခွင့်ပြုချက်ရလိုက်တာနဲ့  မိုချီလုံးလေးလိုအိနေတဲ့ပါးလေးနှစ်ဖက်အား  ဂယူဗင်းတရွှတ်ရွှတ်မြည်အောင် တစ်ဖက်ငါးခါနမ်းတော့သည်။

နမ်းလို့ဝသွားတော့မှ ယူဂျင်းမျက်နှာလေးအားအုပ်ကိုင်ထားသည်ကိုလွှတ်လိုက်ပြီး ပြောလက်စ စကားကိုဆက်ပြောသည်။

"" နော်လို့... ယူဂျင်းနီး
ဒီနေ့ကိုယ်နဲ့အတူတူအိမ်မှာနေကြမယ်လေ ""

You've reached the end of published parts.

⏰ Last updated: Nov 17, 2023 ⏰

Add this story to your Library to get notified about new parts!

Dearest : Baby Yujinnie Where stories live. Discover now