5 : Babyကပြောတယ် အင်းတဲ့

1K 174 26
                                    

"" ယူဂျင်းနီး! ""

သူအနောက်ကနေလှမ်းအော်နေတာတောင် ယူဂျင်းကနည်းနည်းလေးတောင်မရပ်ဘဲ ပြေးသွားလိုက်တာ တက္ကသိုလ်အပြင်ဘက်ကိုတောင်ရောက်သွားခဲ့သည်။

ထို့ကြောင့် ဂယူဗင်း ' နောက်ကျတဲ့ခြေထောက်သစ္စာဖောက်'ထုံး နှလုံးမူကာ
ရှိသမျှအားအင်အကုန်စိုက်ထုတ်ပြီး
ပြေးလိုက်,လိုက်တော့မှ တက္ကသိုလ်နားက Busမှတ်တိုင်ရှေ့အရောက်တွင်
ယူဂျင်းလက်ကိုလှမ်းဆွဲနိုင်ခဲ့သည်။

"" ယူဂျင်းနီး... ခဏလေး.. ""

"" ကျွန်တော့်လက်ကိုလွှတ် ""

ယူဂျင်းကလက်ကိုအတင်းရုန်းလာသည်မို့ လမ်းပေါ်ကလူတွေကလည်းသူတို့ကိုကွက်ကြည့်ကွက်ကြည့်လုပ်လာကြတာကြောင့်
ဂယူဗင်း လက်လွှတ်ပေးလိုက်ရသည်။

"" အင်းပါ အင်းပါ မင်းမကြိုက်ရင်ကိုယ်မကိုင်တော့ပါဘူး ကိုယ်လွှတ်လိုက်ပြီနော် ""

ထိုအခါ ယူဂျင်းက ဘာမှပြန်မပြောလာဘဲ
မှုန်ကုပ်ကုပ်မျက်နှာနဲ့ပဲဒီအတိုင်းရပ်နေလေ၏။

"" ယူဂျင်းနီး ကိုယ့်ကို
စိတ်ဆိုးသွားတာလားဟင် ""

ဂယူဗင်း ယူဂျင်းနဲ့အရပ်တူသွားစေရန် ကိုယ်ကိုကိုင်းရင်း ယူဂျင်းမျက်လုံးလေးတွေကိုသေချာစိုက်ကြည့်ပြီးမေးလိုက်ပေမဲ့ ယူဂျင်းကဘာမှပြန်ဖြေမလာတဲ့အပြင် အကြည့်တောင်လွှဲသွားလိုက်သေးသည်။

"" ကိုယ် ယူမီနဲ့စကားပြောတာကို ယူဂျင်းနီးကမကြိုက်တာလား? ဟုတ်ပြီ ဒါဆို နောက်နေ့ကစပြီး ယူမီနဲ့စကားမပြောတော့ဘူး အပေါင်းအသင်းလည်းမလုပ်တော့ဘူး ဘယ်လိုလဲ? ""

ထိုအခါမှ ယူဂျင်း မျက်လုံးလေးတွေ
ဂယူဗင်းကိုကြည့်လာခဲ့ကာ တစ်ခုခုကိုပြောဖို့ဟန်ပြင်လိုက်ပြီးမှ ချက်ချင်းဆိုသလို မျက်နှာအမူအရာပြောင်းသွားပါရင်း
ဆူအောင့်အောင့်ပြောလာပါ၏။

"" ကျွန်တော်ကအဲ့လောက်ထိသဘောထားသေးသိမ်တဲ့လူမဟုတ်ဘူး! ""

"" ကိုယ်ပြောချင်တာလည်းအဲ့လိုအဓိပ္ပာယ်မျိုးမဟုတ်ပါဘူး ယူဂျင်းရယ်.. ယူဂျင်းနီးသာမကြိုက်ဘူးဆိုရင် ယူမီမှမဟုတ်ဘူး တစ်လောကလုံးနဲ့အဆက်အသွယ်ဖြတ်ရမယ်ဆိုရင်လည်းဖြတ်နိုင်တဲ့အကြောင်းပြောပြတာပါ.. ကိုယ့်ဘဝမှာယူဂျင်းနီးကအရေးအကြီးဆုံးပဲ ""

Dearest : Baby Yujinnie Where stories live. Discover now