"" စာသင်နှစ်တစ်နှစ်ပဲကုန်တော့မယ် နင်ကငါတို့နာမည်ကိုတောင်အခုထိမသိသေးဘူးဆိုတာကတော့ မဟုတ်သေးဘူးထင်တယ်နော် ""
"" အေးလေ ဘယ်လိုပဲစဉ်းစားစဉ်းစား အဓိပ္ပာယ်မရှိတာကြီး ""
"" တစ်ခန်းလုံးကိုမမှတ်နိုင်ဘူးဆိုရင်တောင် project အတူတူလုပ်ဖူးတဲ့ငါတို့ကိုတော့မှတ်မိရမှာပေါ့ ""
"" ရား... ငါ့ကိုကြည့်စမ်း ငါဘယ်သူလဲ ""
"" ငါကရောဘယ်သူလဲ ""
"" ငါရော?? ငါ့ကိုရောသိလား ""
သူ့အနားမှာပဲဝိုင်းအုံနေကြပြီးတစ်ယောက်တစ်ပေါက်မေးနေကြတဲ့အတန်းဖော်တွေကြောင့်ယူဂျင်းစိတ်ရှုပ်လာခဲ့သည်။
သူ့ရဲ့အားနည်းချက်လိုဖြစ်နေတဲ့ အဲ့ဒီရောဂါကြောင့် ငယ်ငယ်ကအနိုင်ကျင့်ခံခဲ့ရဖူးတာမလို့ သူ့မှာ အတတ်နိုင်ဆုံး ဒီရောဂါနဲ့ပတ်သက်ပြီးဘယ်သူမှမသိအောင် တစ်ယောက်တည်းတသီးတသန့်နေခဲ့ပေမဲ့လည်း.. အခုလိုအဖြစ်မျိုးကကြုံလာရသေးသည်။
ထိုအတွက် အခုချိန်မှာသူလုပ်နိုင်တာက တောင်းပန်ရုံသာရှိပါသည်။
"" တောင်းပန်ပါတယ် ""
"" ကြည့်ပါလား သူမသိပါဘူး ""
"" ထင်တဲ့အတိုင်းပဲ
သူကစီနီယာဂယူဗင်းပဲမှတ်မိတာလေ ""ထေ့သလိုငေါ့သလိုပြောလာကြတဲ့ စကားတွေကို လျစ်လျူရှုကာ ယူဂျင်း အခန်းထဲကထထွက်လာခဲ့တော့သည်။
နဂိုကတည်းက တော်ရုံလူတွေကြားထဲမသွားတတ်တဲ့သူ့အဖို့ အခုလိုမျိုး လူ၆ယောက်လောက်ရဲ့ အုပ်စုလိုက်ချောင်ပိတ်အမေးခံရတာက တော်တော်လေးကိုစိတ်ကျဉ်းကြပ်စေတဲ့အပြင် energy levelကိုလည်း 0%လောက်အထိထိုးကျသွားစေပါသည်။
ထို့ကြောင့် ယူဂျင်း သူ့စိတ်အခြေအနေကို ပြန်လည်ကောင်းမွန်လာအောင်လုပ်ဖို့အတွက် မသွားတာကြာပြီဖြစ်တဲ့လသာဆောင်ကိုတက်သွားမိရာ အပေါ်ကိုရောက်ရောက်ချင်းမှာပဲ သူ့ထက်အရင်ရောက်နှင့်နေသူတစ်ဦးနှင့်ဆုံလေသည်။
ဒီဆံပင်ပုံစံ...ဒီဝတ်ပုံစားပုံ..
ဒီဖိနပ်... ပြီးတော့.. လည်ပင်းပေါ်ကမှည့်လေး..ဒါဆိုရင်.......
YOU ARE READING
Dearest : Baby Yujinnie
FanfictionDo you like sweet candy? Then, read this! Kim Gyuvin ♡̷̷̷ Han Yujin GyuJin<3