45

58 9 0
                                    

သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ
ဘာသာပြန် - အေးငြိမ်းကျော်
အခန်း- ၄၅
(မြွေနဂါးပုလဲ)

‘အပနှင် မီးလျှံနီ ဒူးလေး’ သည် မဟာယန်မင်းဆက်အတွင်းရှိ ကင်းထောက်အရာရှိတို့၏ လျှို့ဝှက်လက်နက်တစ်မျိုး ဖြစ်ပါသည်။ မှော်လက်နက်မဟုတ်သော်လည်း မှော်လက်နက်ထပ်မနိမ့်သည် အံ့ဖွယ်စွမ်းအင်တစ်မျိုး ပိုင်ဆိုင်ပေသည်။ ဤဒူးလေးမှ ထွက်လာသည့် သာမန်စတီးမြှားတစ်ချောင်းသည် တစ်မိုင်ခန့်အကွာရှိ ချပ်ဝတ် သုံးလွှာကို ထိုးဖောက်နိုင်လေသည်။ ဤသည်မှာ အလွန်စွမ်းအားကြီးသော လက်နက်တစ်ခုပင်ဖြစ်သည်။

သီးသန့်ပြုလုပ်ထားသည့် ‘ပေါက်ကွဲမီးလျှံနီမြှား’ ဖြင့် တွဲသုံးပါကမူ ဖျက်ဆီးနိုင်စွမ်းမှာ ဖိုက်တာဂျက်လေယာဉ်တစ်စီးမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်လုံးနှင့် တူညီလေသည်။

အနီရောင် အလင်းတန်းတစ်ခုနှင့်အတူ မြှားသည် ကောင်မလေး၏ ရင်ဘတ်အား ထိုးဖောက်သွားပြီ ဖြစ်၏။

သားရဲသိုင်းသမားတစ်ယောက် ဝိညာဉ်ပေါင်းစည်းနေချိန်သည် လူသားသိုင်းသမားအတွက်ကော သားရဲအတွက်ပါ အားအနည်းဆုံး အချိန်ပင် ဖြစ်တော့သည်။ ဝိညာဉ်သားရဲ သို့မဟုတ် သိုင်းသမားက မည်မျှပင် စွမ်းအားကြီးပါစေ အဆိုပါလုပ်ငန်းစဉ်အတွင်း သူတို့နှစ်ဦးစလုံးသည် သန့်စင်သော ဝိညာဉ်အချင်းချင်းသာ ဆက်နွယ်နေကြရသည်။ ထို့ကြောင့် အထိအခိုက်နည်းနည်းရသွားသည်နှင့် သူတို့၏ ဝိညာဉ်များမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပေမည်။ ထို့အပြင် ဝိညာဉ်မှာ ကိုယ်အပြင်ဘက်ရောက်နေစဉ် ဝိညာဉ်သားရဲကော သိုင်းသမားကပါ သူတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်ကြချေ။ ထို့ကြောင့် ထိုအချိန်တွင် ကတ်ကြေးတစ်လက်ကိုင်ထားသည့် သုံးနှစ်ကလေးလေး တစ်ယောက်တောင်တောင်မှ ရှန်းထျန်ထိပ်ဆုံးအဆင့် သိုင်းသမားတစ်ယောက်ကို သတ်နိုင်လေသည်။

ချပ်ဝတ် သုံးလွှာကို ထိုးဖောက်နိုင်သည့် မြှားတစ်ချောင်းက မိန်းကလေး၏ရင်ဘတ်ကို ဖောက်ထွက်ကာ သူမရင်ဘတ်တွင် အပေါက်ကြီးတစ်ခုဖြစ်သွားတော့သည်။ ပေါက်ကွဲမီးလျှံနီမြှားက မြေပေါ်ကျသွားသည့်အခါ မြှားပေါ်တွင် ထွင်းထားသည့် ပေါက်ကွဲမန္တန်များသည် တုန်ခါမှုကြောင့် ချက်ချင်းပေါက်ကွဲသွားကြ၏။ တစ်ချိန်တည်းမှာပင် မြှားအတွင်းရှိ မီးဝိညာဉ်ကျောက်ကို ထွန်းညှိလိုက်သည်။

သူခိုးတစ်ယောက်ရဲ့ဒဏ္ဍာရီWhere stories live. Discover now