Chapter 15

11.5K 441 24
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 15

Mine သူ့အလုပ်ခန်းထဲမှာ အလုပ်ပြီးတော့ ခုံပေါ်တင်ထားတဲ့နာရီမှာ မနက် 4 နာရီတိတိကိုပြနေပြီ။မနေ့ညက သူမကိုဆေးရုံမှာသွားစောင့်ခေါ်ရင်း အိမ်ကိုပြန်ရောက်တော့ ည 12 နာရီမှပြန်ရောက်တာကြောင့် သူမက ပင်ပန်းတာမို့ အပေါ်ကိုတက်သွားကာ နားနေပင်မဲ့သူကတော့ အလုပ်ခန်းထဲဝင်ပြီး အမှုရဲ့သက်သေတွေကို နေရာအတိအကျထားရင်း မနက်ဖြန် တင်ပြရမဲ့စာရွက်တွေမှာ မိတ္တူကူးရသည်။

သူ Laptop ကိုပိတ်လိုက်ပြီး ထိုင်နေရာကထလိုက်တော့ မနေ့ကဆေးရုံကိုသွားတော့ သူဝယ်လာတဲ့မုန့်တွေကို ဗိုက်ဆာလို့စားနေတဲ့သူမမျက်နာလေးမြင်ယောင်လာကာ ဗိုက်ဆာတဲ့အချိန်တိုင်းစားရအောင် သူတစ်ခုခုလုပ်ပေးဖို့ဆုံးဖြတ်ကာ အပေါ်ထပ်အိပ်ခန်းမတက်တော့ပဲ ထမင်းစားခန်းရဲ့ ဘယ်ဘက်ကမီးဖိုခန်းထဲဝင်လာလိုက်သည်။

Mine သူမကြိုက်တဲ့ ဘီစကစ်လုပ်ဖို့အတွက် ဂျူံမုန့်၊မုန့်ဖုတ်ပေါင်ဒါ၊သကြားအနည်းငယ်၊နွားနို့ နဲ့ ထောပတ် ၊ကြက်ဥ တို့ကိုယူကာ ဘီစကစ်ဖုတ်ဖို့အတွက်စလုပ်ရသည်။Mine ပါဝင်ပ္စည်းတွေထည့်ပြီးတော့ မုန့်အနစ်ရတယ်ဆိုဘီစကစ်ကို ပုံစံဖော်ဖို့လုပ်ရသည်။သူကတော့ မိန်းကလေးတစ်ယောက်ရဲ့ ရီနေတာကအစ ငိုနေတာအဆုံး ခေါင်းပုံလေးကို သေချာပုံဖော်ပြီးမှ မုန့်ဖုတ်တဲ့စက်ထဲကိုထည့်လိုက်သည်။

"တစ်ခါထဲမုန့်စားရင်းသောက်ဖို့ ပဲနို့ဘူးပါ တစ်ခါထဲထည့်ပေးရမယ်"

ဆိုရင်း မုန့်ဖုတ်ထားစဥ်ရေခဲသေတ္တာထဲက ပဲနို့ဘူးအလတ်တစ်ကဒ်ကိုယူပြီး အပေါ်ကမှန်ဘောင်ထဲမှာစီထားတဲ့ ခြင်းတွေနဲ့ အိတ်တွေထဲက ကာတွန်းရုပ်လေးတွေပါတဲ့ အိတ်ကိုယူလိုက်သည်။ထမင်းဘူး နဲ့ ရေဘူးထည့်တဲ့အိတ်ဆိုပင်မဲ့ ပဲနို့တစ်ကဒ်ရယ် မုန့်ရယ်ကထောင်ထည့်မှာဆန့်လောက်တာမို့ ပဲနို့ကဒ်ကိုထောင်ထည့်ထားသည်။

သူမအတွက်သူကိုယ်တိုင်လုပ်ပေးထားတဲ့ ဘီစကစ်တွေကို မုန့်ဘူးနဲ့သေချာထည့်ပေးပြီး ပဲနို့ဘူးထည့်ထားတဲ့အိတ်ထဲထည့်လ်ုက်သည်။ပြီးတော့ ရေခဲသေတ္တာထဲကပါကင်ပိတ်ထားတဲ့ ရေသန့်ဘူးယူကာ ထည့်လ်ုက်သည်။ဆေးရုံမှာကလူပေါင်းစုံသောက်နေတာကြောင့် ရောဂါပေါင်းစုံရှိနေတာမို့ သီးသန့်သောက်စေချင်လို့ပင်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤حيث تعيش القصص. اكتشف الآن