𝗧𝗢

348 42 6
                                    


[BOL4 _ HARD TO LOVE(Recommed song)]

''မင်းကြောင့် ဂယူဗင်း!!! အရာအားလုံးကမင်းကြောင့်ဘဲ!!!!"

''မင်းကြောင့် ဂယူဗင်း !!!!! အရာအားလုံးမင်းကြောင့်ဘဲ! !!!!"

''မင်းကြောင့် ဂယူဗင်း !!!!! အရာအားလုံးမင်းကြောင့်ဘဲ! !!!!"

''မင်းကြောင့် ဂယူဗင်း !!!!! အရာအားလုံးမင်းကြောင့်ဘဲ! !!!!"

''မင်းကြောင့် ဂယူဗင်း !!!!! အရာအားလုံးမင်းကြောင့်ဘဲ! !!!!"

မဟုတ်ဘူး... ငါအဲ့လိုပြောချင်ခဲ့တာမဟုတ်ပါဘူး။ငါ့အပြစ်တွေပါ ငါ့အပြစ်ကိုဖုံးချင်လို့မင်းကိုအဲ့လိုပြောခဲ့မိတာပါ။ငါတောင်းပန်ချင်တယ်။မောင် မသွားပါနဲ့ ငါ့ကိုမထားခဲ့ပါနဲ့။ရစ်ခီထွက်သွားတော့မယ်လူကိုတားချင်ပေမဲ့ရေနစ်နေသူတစ်ယောက်လိုမွန်းကျပ်လှသည်။အသက်ကောင်းကောင်းရှုလို့မရဘူး။ရေနက်ထဲထိနစ်ဝင်သွားသလိုမျိုး ဟင့်အင်း သူအသက်ရှုမှဖြစ်တော့မယ် မရဘူးတော့ဘူး အသက်ရှုလို့မရတော့ဘူး ။

''ရစ်ခီ ရစ်ခီ ထအုံး! ! အိမ်မက်ဆိုးတွေမက်နေတာလား ''

''ဟင်!''

အကိုဂျောင်ဟျွန်းရဲ့အသံကြားမှရစ်ခီကျောင်းဆေးခန်းမှာလာအိပ်နေမိမှန်းသတိရသည်။ရစ်ခီမျက်လုံးတွေကိုဖွင့်လိုက်တော့စူးကနဲအလင်းရောင်ကြောင့်ပြန်မှိတ်လိုက်ရသည်။ဟုတ်သားဘဲ ဂယူဗင်းကိုသူအဲ့လိုပြောခဲ့တဲ့နေ့ကတစ်နှစ်ခွဲတောင်ရှိသွားပြီဘဲ။ဒါပေမဲ့ရစ်ခီ့အတွက်တော့မနေ့တစ်နေ့ကလိုအိမ်မက်ဆိုးတွေကိုဖန်တီးပေးနေတုန်းဘဲ။

''အကို အတန်းပြီးသွားပြီလား ''

''မပြီးသေးဘူး ခဏနေရင်နောက်တစ်တန်းစတော့မှာ ''

''အော် အဲ့တာဆိုပြန်နှင့်တော့မယ် ''

''ဒါပေမဲ့ ရစ်ခီ! ''

''ရပါတယ် Busနဲ့ပြန်လို့ ''

အကိုဂျောင်ဟျွန်းကသူ့ကိုတစ်ယောက်တည်းမလွှတ်ချင်တဲ့ပုံနဲ့စိတ်မချစွာကျောင်းရှေ့ထိလိုက်လာပေးသည်။ဒါပေမဲ့နောက်အတန်းကMajorအတန်းဖြစ်တာမို့ပြန်သွား၏။ရစ်ခီbusပေါ်ရောက်မှအတွေးတွေကိုသေချာပြန်စီရ၏။ဂယူဗင်းကိုသူလွန်လွန်ကျူးကျူးအပစ်တင်လိုက်ပြီးတဲ့နောက်မှာတော့ရစ်ခီတစ်ပတ်လောက်သတိလစ်သွားသည်။

𝗛𝗼𝘄 𝗧𝗼 𝗛𝗮𝘁𝗲 𝗬𝗼𝘂?(𝗠𝘆𝗲𝗼𝗻𝗴𝗻𝘆𝗮𝗻𝗴)Where stories live. Discover now