Extra

447 50 13
                                    

''အဖြူလုံးကမောင့်ကိုမချစ်တော့ဘူး အီးဟီး!''

အာပြဲကြီးနဲ့အော်ငိုနေပါတဲ့မောင့်ကိုကြည့်ပြီးရစ်ခီပါငိုချင်လာတော့သည်။ဆေးရုံကဆင်းပြီးအတော်အသင့်နေကောင်းလာပြီဖြစ်တဲ့မောင်ကအာပါးကုမ္မဏီမှာအလုပ်တွေသင်နေတာဖြစ်သည်။အဲ့တော့လမ်းမလျှောက်နိုင်တဲ့မောင့်ကိုရစ်ခီကအကြိုအပို့တာဝန်ယူထားရ၏။ဒါပေမဲ့ ဒီနေ့အကိုဂျောင်ဟျွန်းတို့ပြန်ရောက်တာမို့လေဆိပ်မှာသွားကြိုပေးနေတာနဲ့ငါးမိနစ်လောက်ကြိုဖို့နောက်ကျသွားတာကိုတစ်လမ်းလုံးနှုတ်ခမ်းဆူပြီးကောက်နေ၏။ပြန်ရောက်တော့မနေနိုင်တဲ့ရစ်ခီကမေးတော့လည်းလေသံမာကြီးနဲ့အော်တယ်ဆိုပြီးအဲ့လိုအော်ငိုနေတော့တာဘဲ။သူ့မှာစေ့စပ်ထားတဲ့လူရှိသွားတာလား သူငယ်ပြန်နေတဲ့လူကိုပြုစုနေရတာလားတောင်သိပ်မသဲကွဲတော့ဘူး။

''မောင် တော်ပြီနော် မဟုတ်တာကိုမရစ်နဲ့တော့ ငါအလုပ်ရှိသေးတယ် ''

''တွေ့လား အဖြူလုံးကမောင့်ကိုစိတ်မရှည်တော့ဘူး အော်နေပြီ!အင်းပေါ့ မောင်ကချို့ယွမ်းချက်ရှိနေတာကို အဖြူလုံးကဘယ်စိတ်ရှည်ပါ့မလဲ ''

စောင်ခြုံပြီးဟိုဘက်လှည့်သွားတဲ့မောင်ကြောင့်ရစ်ခီသူ့အလုပ်တွေကိုပစ်ပြီးကလေးကြီးကိုချော့ဖို့ပြင်ရတော့သည်။မောင်ကသူလမ်းမလျှောက်နိုင်တာကြီးကရစ်ခီ့အတွက်အနှောင့်အယှက်တစ်ခုလိုထင်နေတာ။အဲ့တာကြောင့်ရစ်ခီသူ့နားကိုအချိန်မှန်မရောက်တာတို့ ၊သူ့မျက်စိအောက်ကပျောက်သွားတာတို့ဆိုရင်မောင်ကအစိုးရိန်လွန်နေတတ်သည်။ရစ်ခီ မောင့်ကိုထားခဲ့မှာကိုမောင်ကသေမတတ်ကြောက်ပါသည်တဲ့လေ။

''မောင် ငါကတောင်းပန်တယ်နော် ''

''မောင်လည်းတောင်းပန်ပါတယ် မောင်ကအဖြူလုံးကိုစိတ်ညစ်အောင်လုပ်မိနေတယ်မလား ''

''မဟုတ်ပါဘူး မောင်ကငါ့ကိုစိတ်ညစ်အောင်မလုပ်ပါဘူး ''

မောင့်နောက်ကျောမှာရစ်ခီဝင်လှဲလိုက်ရင်းမောင့်ကိုဖက်ကာချော့လိုက်တော့မောင်ကသူ့ကိုပြန်နှစ်သိမ့်သည်။မောင်ကအဲ့လိုဘဲကလေးစိတ် သူစိတ်ဆိုးရင်လည်းအရမ်း ။စိတ်ကောက်ပြေချင်ရင်လည်းတအားကိုမှမြန်ဆန်။

𝗛𝗼𝘄 𝗧𝗼 𝗛𝗮𝘁𝗲 𝗬𝗼𝘂?(𝗠𝘆𝗲𝗼𝗻𝗴𝗻𝘆𝗮𝗻𝗴)Όπου ζουν οι ιστορίες. Ανακάλυψε τώρα