𝗬𝗼𝘂?

399 53 18
                                    

[ Shayne Ward _ No Promises(Recommed song) ]

ရစ်ခီတကယ့်ကိုအသည်းမာခဲ့တယ်ထင်ပါရဲ့။ဂျပန်ရောက်ပြီးနောက်ပိုင်းအာပါးကိုလည်းမဆက်သွယ်တော့သလိုသူကျောင်းလည်းဆက်မတက်ဖြစ်တော့။အချိန်ပိုင်းအလုပ်လေးသွားလိုက်အခန်းထဲမှာအောင်းနေလိုက်လုပ်နေတဲ့ရစ်ခီ့ကိုအကိုကတောင်အခုတလောဆူနေသည်။

တစ်နှစ်ကျော်လောက်ရစ်ခီအချိန်ပိုင်းလေးသာလုပ်ပြီးဘာအလုပ်မှမယ်မယ်ရရမလုပ်ဖြစ်။တစ်နေ့Webtoonတစ်ပုဒ်အားဖတ်ပြီးနောက်ရစ်ခီ့လက်တွေကအငြိမ်မနေနိုင်တော့ဘဲWebtoonတစ်ပုဒ်ဖန်တီးဖြစ်တော့သည်။Webnovel plaform မှာတင်ဖို့လုပ်တုန်းကရစ်ခီနာမည်စဥ်းစားလို့မရလို့သုံးရက်လောက်တိုင်ပတ်သွားသေးတာ။နောက်မှာသူ့နာမည်ကိုဖြတ်ညှပ်ကပ်လုပ်ပြီး 'SRiEN 'ဆိုတဲ့နာမည်ထွက်လာ၏။

အစကတော့ဖတ်တဲ့လူတောင်မရှိပေမဲ့ လေးပိုင်း၊ငါးပိုင်းလောက်အရောက်မှာ social media တွေမှာ 'I want to be your lover'ဆိုတဲ့သူ့Webtoonကနာမည်ကြီးလာတော့သည်။အဲ့အချိန်မှာသူ့အားထုတ်ဝေရေးကုမ္မဏီတစ်ခုကအလုပ်ကမ်းလှမ်းလာတော့သည်။တိုက်ဆိုင်တာဘဲလားမသိပေမဲ့အဲ့ကုမ္မဏီရဲ့မန်နေဂျာကချွဲဆယ်ရီဖြစ်နေလေသည်။ရစ်ခီ့စာချုပ်ချုပ်လိုက်သည်။အဲ့လိုဆိုသူဒီဇာတ်လမ်းကိုအပြီးထိဆွဲဖြစ်မယ်လေ။'Missing First Love'လို့ခေါင်းစဥ်ပေးချင်ပေမဲ့သူနဲ့မောင့်ကိုရည်ရွယ်တဲ့ဇာတ်ကောင်လေးတွေကိုတော့ရစ်ခီHappy Endingဖြစ်စေချင်သည်။

ဆယ်ရီကမောင့်အကြောင်းတွေပြောပြချင်ပေမဲ့ခါးခါးသီးသီးဖြစ်နေတဲ့ရစ်ခီကြောင့်စကားမစတော့။သူသိချင်ပေမဲ့လည်းမသိချင်ဘူး။သူဟာမောင့်ကိုခုထိချစ်သေးတာမို့မောင့်အကြောင်းများတစ်စွန်းတစ်စဖြစ်ဖြစ်ကြားရင်သူချက်ချင်းကိုရီးယားကိုပြန်မိမှာ။ရစ်ခီ​မောင်ထပ်ပေးမဲ့ဒဏ်ရာတွေမရချင်တော့ဘူး။

ကင်မ်အွန်းနဲ့နမ်းခဲ့ဖူးသူ: ဒီဇာတ်လမ်းကBase on true storyနော် သိကြလား

ကင်မ်အွန်းနဲ့အီဂျယ်ယောင်းမညားရင်ငါနဲ့ညားမှာ: အယ် ဟုတ်လား မသိဘူး အပြင်ကလူတွေကိုမြင်ဖူးချင်လိုက်တာ

စတော်ဘယ်ရီမစ်ရှိတ်သင်တန်းတက်နေပြီ:ဟုတ်တယ် မြင်ဖူးချင်တယ် ဒါနဲ့ဟိုအစ်မကဘာလို့အကုန်သိနေတာလဲ

𝗛𝗼𝘄 𝗧𝗼 𝗛𝗮𝘁𝗲 𝗬𝗼𝘂?(𝗠𝘆𝗲𝗼𝗻𝗴𝗻𝘆𝗮𝗻𝗴)Where stories live. Discover now