𝗛𝗮𝘁𝗲

394 43 16
                                    


[Marisa Sukosol _ Someday(Recommed song)]

ဂယူဗင်းအသက်ဆယ်နှစ်မှာတစ်သက်မမေ့နိုင်တဲ့အဖြစ်အပျက်လေးတစ်ခုဖြစ်ခဲ့တယ်။ဒါကတော့တည်ငြိမ်နေတဲ့သူ့ဘဝထဲကိုဝဲဂယက်တစ်ခုသယ်ဆောင်လာပေးမဲ့ကောင်လေးတစ်ယောက်နဲ့ခင်ခဲ့ရတာဘဲ။စစချင်းမြင်တုန်းကနတ်သားလေးလို့တောင်ထင်မိခဲ့တာ။အသားလေးကဖွေးအုနေပြီးမျက်လုံးကြည်တောက်တောက်လေးတွေနဲ့ဂယူဗင်းကိုကြည့်နေခဲ့တာ။

''ဘာရှာနေတာလဲ''

''ဟင့် ငါ့လက်စွပ်လေးကျပျောက်သွားလို့ မားကသိရင်ဆူတော့မှာ ''

ဂယူဗင်းကုန်စုံဆိုင်မှာရေခဲမုန့်ဝယ်မလို့လုပ်နေတုန်းအဲ့အဖြူလုံးလေးကကုန်းကုန်းကွကွနဲ့တစ်ခုခုကိုရှာနေသည်နှင့်တိုးသည်။ဂယူဗင်းမေးလိုက်တော့ငိုမဲ့မဲ့နဲ့လက်စွပ်ကျပျောက်သွားကြောင်းပြောလာ၏။မကြာဘူး မျက်ရည်ဘူးသီးလုံးလောက်ကျလာပါသောထိုအဖြူလုံးကြောင့်ဂယူဗင်းမှာချိုချဥ်ဝယ်ကျွေးပြီးချော့ရသည်။ချိုချဥ်ကုန်တာနဲ့ပြန်ငိုပြန်တာမို့ရင်ခွင်ထဲထည့်ဖက်ရင်းကျောလေးအားအသာပွတ်ပေးတော့အငိုတိတ်သွားပြန်သည်။

''ဟိုလေ အန်တီ ကျွန်တော်လုပ်လိုက်လို့ပျောက်သွားတာပါ ရစ်ခီကိုမဆူပါနဲ့ ကျွန်တော့်မုန့်ဖိုးတွေစုပြီးပြန်ဝယ်ပေးပါမယ် ''

''အိုကွယ် ရပါတယ် အန်တီတို့ရစ်ခီလေးကိုသာသေချာဂရုစိုက်ပေးနော် ''

''ဟုတ် ''

သူ့လက်ကိုအားကိုးတကြီးဆုပ်ကိုင်ထားသူကြောင့်ဂယူဗင်းဟာသူရဲကောင်းကြီးတစ်ယောက်လိုအဖြူလုံးရှေ့ကရပ်လို့သူ့မားအားသူ့အမှားဟုမျက်နှာတစ်ချက်မပျက်ဘဲလိမ်လိုက်ရတော့သည်။ဒါပေမဲ့သူသာအဲ့နေ့ကအဖြူလုံးအိမ်ထိလိုက်သွားပြီးမလိမ်ပေးခဲ့မိရင်သူ့အာပါးနဲ့လူကြီးချင်းရင်းနှီးသွားမှာမဟုတ်လောက်ဘူးထင်တယ်။

သူ့အသက်13နှစ်ပြည့်ဖို့တစ်လအလိုမှာအာပါးကရစ်ခီ့မားကိုလက်ထပ်လိုက်သည်။အဲ့နေ့ကဂယူဗင်းရဲ့ကမ္ဘာလေးပြိုကွဲတဲ့နေ့ဘဲ။သူအဖြူလုံးကိုချစ်လို့မရတော့ဘူး။အဖြူလုံးကသူ့အစ်ကိုဖြစ်သွားပြီ။ဟင့်အင်း မရဘူး အဖြူလုံးကသူချစ်သူဘဲဖြစ်ရမယ်။ကလေးဘဲရှိသေးသည့်တိုင်အောင်ဂယူဗင်းဟာအဖြူလုံးကိုသူမြင်မြင်ချင်းချစ်ခဲ့တာလို့ယုံကြည်နေခဲ့ပြီ။

𝗛𝗼𝘄 𝗧𝗼 𝗛𝗮𝘁𝗲 𝗬𝗼𝘂?(𝗠𝘆𝗲𝗼𝗻𝗴𝗻𝘆𝗮𝗻𝗴)Where stories live. Discover now