part (8)

708 80 17
                                    

Unicode

''ရာစုလေးကတော့လေ.... တကယ်ပါပဲ....''

လှေကားကနေ ရေမိုးချိုးပြီး ထမင်းစားဖို့ဆင်းလာတဲ့ ရာစုကိုမြင်တာနဲ့ ဒေါ်လေးခင်က ပြုံးပြီးပြောတယ်။ အခုမှပဲ ရာစုကိုလိမ္မာနေတာမြင်ရတဲ့သူလို ပြုံးနေတာဘာကြောင့်လဲ။ ရာစုက မေမေနဲ့ဆိုရင် ပိုပြီးလိမ္မာတာမဟုတ်ဘူးလား။

ရာစုနောက်မှာတော့ တိုက်ပွဲကိုတိုက်ခိုက်အောင်မြင်လာသူလို ခပ်မတ်မတ်ကိုယ်နေဟန်နဲ့ ခပ်​အေးအေးမျက်နှာထားပိုင်ရှင်ဦးသတိုးစည်သူဇေယျက လိုက်ပါလာတယ်။ သူက သူလုပ်ချင်ရာလုပ်ပြီးသွားရင်း အဲ့လိုပဲအေးချမ်းသွားပါလေရော။ ရာစုမှာသာ ငိုချင်ပြီးဗလာင်ဆူကျန်ခဲ့ရတာ။

''အားလုံးအဆင်သင့်ဖြစ်ပြီ.... ကိုသတိုး.... ထမင်းစားခန်းထဲကိုလာပါဗျ''

ဦးအဂ္ဂါကို​ ပြုံးကာခေါင်းတစ်ချက်ဆတ်ပြပြီး ဒေါ်လေးခင်နဲ့ ရာစုရှေ့ကနေ သူလျှောက်သွားတယ်။ ဒေါ်လေးခင်ကလဲ သူကိုကြည့်ကာတပြုံးပြုံး။
ပြော....အဲ့ဒါဘာဖြစ်နေကြတာလဲ။
စိတ်မကြည်လင်ရတဲ့ကြားထဲ သူ့နောက်ကျောကိုငေးရင်း ရာစုရင်ထဲမှာအနှစ်နှစ်အလလက မျှော်လင့်နေရသော လုံခြုံနွေးထွေးမှုကိုစတင်ခံစားရတာကို ရာစုသတိထားမိတယ်။
.
.
.

ထမင်းစားခန်းထဲကို မေမေ့ဝှီးချဲလေးတွန်းရင်း ရာစုအမြဲဝင်ရတယ်။ မေမေက ဝှီးချဲနဲ့နေရတဲ့သူလေ။ ခြံထဲမှာအလုပ်ကြမ်းလုပ်ဖို့ ယောကျားသားတစ်ယောက်ရှိပေမဲ့ သူက ညနေဆိုသူ့မိသားစုရှိရာအိမ်ကိုပြန်တယ်။ ဒီအိမ်မှာ မေမေရယ် ရာစုရယ် ဒေါ်လေးခင်ရယ်သုံးယောက်ထဲနေခဲ့တာကြာပြီ။ ဦးအဂ္ဂါအတူနေပေးရင်သိပ်ကောင်းမှာပဲလို့ ရာစုအမြဲတွေးတတ်တယ်။ ဖေဖေဆိုတဲ့လူက အဝေးကိုထွက်သွားခဲ့ပြီကိုး။ ရာစုတစ်ယောက်ပဲယောကျားလေးရှိတာမို့ အရေးအကြောင်းဆို ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ ဦးအဂ္ဂါက ကိစ္စအထွေအထူးမရှိရင် ဒီအိမ်မှာလာအိပ်ခဲပါတယ်။

လုံခြုံမှုဆိုတာက နွေးထွေးမှုထက်ပိုပြီးအရေးကြီးပါတယ်။
ယောကျားသားအကာအကွယ်မရှိဘဲ မေမေနေထိုင်ခဲ့ရတဲ့အကြောင်းကိုတွေးမိရင် ရာစုဝမ်းနည်းတယ်။ မေမေက ဘာမှမဖြစ်သလိုဆိုပေမဲ့ ရာစုကနာကျင်ရပါတယ်။ ဒီအကြောင်းကိုလဲ ​ရာစုသိတတ်တဲ့အချိန်မှာမှ တွေးမိတာပါ။ ရာစုငယ်သေးတဲ့ကလေးဘဝမှာ မေမေ ခံစားရတဲ့မလုံခြုံမှုကို ရာစုတွေးတောင်မတွေးရဲခဲ့။

နှလုံးသားခင်းသော.....လမ်းWhere stories live. Discover now