part (27)

858 79 5
                                    

Unicode

ကျောင်းရှေ့မှာ ရာစုတို့အဖွဲ့လိုက် စကားပြောနေကြတာ။ အိမ်ကလာကြိုမဲ့ကားတွေကိုစောင့်ရင်းပေါ့။
ကျောင်းမှာဆိုရင် ရာစုတို့အဖွဲ့ကနာမည်ကြီးပါသည်။
အုပ်စုတောင့်သလို မိဘတွေကလဲငွေမရှားကြသူတွေမို့ပါ။
အရမ်းကျိကျိတက်ချမ်းသာကြတာမျိုးမဟုတ်ပေမဲ့ အားလုံးကတော့ အထိုက်အလျောက်နေနိုင်စားနိုင်ကြတဲ့ မိသားစုကိုယ်စီရှိကြသူတွေ။

ပထမနှစ်ဝက်စာမေးပွဲနီးတာမို့ စာတွေကိုဖိပြီးကြိုးစားကြရချိန်ဆိုတော့ တစ်အုပ်စုလုံးလူစုံတွေ့ရတတ်သည်။ မေဂျာမတူပေမဲ့ တူတဲ့လူတွေကစာအတူလုပ်ကြပြီး မတူတဲ့သူကလဲ တစ်ယောက်ထဲဆိုရင်စာမလုပ်မိမှာစိုးရိမ်တော့ ရာစုတို့နဲ့အတူစာလာလုပ်ကြတာပါ။ ဒါက ရာစုတို့သူငယ်ချင်းအုပ်စုတွေရဲ့အကျင့်ပဲဖြစ်သည်။ အရင်ကတော့ ဒီလောက်လူမများပေမဲ့ မေဂျာမတူသူတွေက သူတို့အခန်းထဲကလူတွေကိုအတူစာလုပ်ဖို့ခေါ်လာရင်းနဲ့ သူငယ်ချင်းတစ်ဝမ်းကွဲ​တွေပါ​ရောက်လာတာမို့ လူအုပ်ကပိုများသွားခြင်းဖြစ်သည်။

''ရာစု... ဟိုမှာ....''

သူငယ်ချင်းတစ်ယောက်ညွှန်ပြတဲ့နေရာကို ရာစုလှမ်းကြည့်တော့ ကိုဝေဟင်နဲ့သူ့သူငယ်ချင်းတစ်ယောက်။

''ရာစု.... ''

''သြော်... ကိုဝေဟင်... ''

''စာတွေလုပ်နေကြတာလား... ''

''ဟုတ်ကဲ့... ကိုဝေဟင်တိူ့ရော... စာတွေပြီးပြီလား''

''အင်း.... မပြီးတပြီး... ဟား...ဟား...''

ကိုဝေဟင်က ကြည့်ကောင်းတဲ့ရုပ်ရည်ရှိတယ်။ ကိုဝေဟင့်ကိုကြွေတဲ့မိန်းကလေးတွေ ကျောင်းမှာတစ်ပုံတစ်ပင်ပါပဲ။ သူဌေးသားတစ်ယောက်ဖြစ်ပြီး ကျောင်းလာရင်လဲ ကားကိုထည်လဲစီးနိုင်သူပါ။ ရာစုတို့အဖွဲ့ထဲက သူငယ်ချင်းမတစ်ယောက်ဆိုရင် ကိုဝေဟင့်ကိုမနှစ်ကတည်းကကြွေတာ။ ကိုဝေဟင်က ရာစုမှရာစုဖြစ်နေတာသိလို့ နောက်ဆုတ်သွားတာပါ။ ရာစုမှာ သူငယ်ချင်းအထင်လွဲမှာကို အသေကြောက်တာ။

''မင်း ကိုဝေဟင်က မင်းစာမေးပွဲအတွက်လိုတာတွေကိုသာ အသည်းအသန်ရှာနေတာလေ...သူ့အတွက်လဲ ဘာမှမလုပ်ဘူး''

နှလုံးသားခင်းသော.....လမ်းWhere stories live. Discover now