part (21)

613 63 1
                                    

Unicode

''သမီးဖြူ...''

''ရှင်...မေမေ.... ''

''ဘာတွေတွေးနေတာလဲ...''

''မတွေးပါဘူး မေမေ....''

ဖြူနဲ့မေမေက စေ့စပ်ပွဲနေ့မှာဝတ်ဖို့ဝတ်စုံတွေလာယူကြတာပါ။ သတိုးကတော့ ဖြူတို့သားအမိကိုလိုက်ပို့ပေးပြီးတာနဲ့ အလုပ်ကိစ္စတစ်ချို့ကြောင့် ပွဲရုံကိုသွားပြီဖြစ်သည်။

''မတွေးဘူးသာဆိုတယ်.... ဖြူ့မျက်နှာက ဘာဖြစ်နေတာလဲ....''

မေမေက ဖြူ့ကိုသေသေချာချာကြည့်ပြီးမေးတယ်။
ဖြူ ခေါင်းပဲခါပြမိပါတယ်။

''သမီးဖြူ... မေမေ့ကိုပွင့်ပွင့်လင်းလင်းပြောလို့ရတယ်နော်''

''သြော်... မေမေရယ်... ဖြူတကယ်ဘာမှ မဖြစ်ပါဘူး.... ဒီရက်ပိုင်းပင်ပန်းလို့နေမှာပါ''

''မေမေ့သမီး စိတ်ချမ်းသာဖို့ကအဓိကနော်... ဖြူ.... ဘာလဲ...သတိုးက စေ့စပ်တာကို မြန်သွားလို့စိတ်သဘောထားမတိုက်ဆိုင်ကြတာလား''

ဖြူရောသတိုးရော ဒီရက်ပိုင်းမျက်နှာတွေသိပ်မကောင်းကြသလိုထင်တာမို့မေးရခြင်းဖြစ်သည်။

''အို... မဟုတ်တာ မေမေရယ်... သတိုးက အဲ့လိုဖြစ်စရာလား''

''ဖြူနဲ့သတိုးကို ငယ်သေးလို့နှမြောပေမဲ့ မေမေဘာကြောင့်စီစဥ်ရတယ်ဆိုတာတော့ ဖြူသဘောပေါက်မှာပါ.... ဘယ်လိုပဲ ဖေဖေကလုံခြုံအောင်စောင့်ရှောက်ပါစေ... သတိုးစောင့်ရှောက်တာနဲ့တော့ မတူနိုင်ဘူး ဖြူ....သမီးတို့ချင်း ချစ်ခင်စုံမက်ကြလို့ မေမေစီစဥ်တာနော်''

''ဟုတ်ကဲ့.... ဖြူသိပါတယ်''

''အခက်အခဲတစ်ခုခုရှိခဲ့ရင် မေမေ့ကိုအရင်ပြောနော်... ဖြူ.... ဖြူနဲ့သတိုးကို သင့်တော်တယ်ထင်လို့.... သတိုးကိုလဲ မေမေတကယ်အားကိုးပြီးသားအရင်းလိုသဘောထားလို့ စီစဥ်တာ''

''ဖြူ သိပါတယ် မေမေ''

''လက်ထပ်တာကိုတော့.... နောက်တစ်နှစ်လောက်မှာ လုပ်ကြတာပေါ့ ဖြူ... သတိုးကိုလဲ မေမေပြောလိုက်ဦးမယ်''

''နောက်... နောက်နှစ်လားမေမေ''

''ဟုတ်တယ်... ဖြူ.... စေ့စပ်ပြီးမှတော့ လက်ထပ်တာကိုအချိန်မဆွဲတာကောင်းတယ်''

နှလုံးသားခင်းသော.....လမ်းWhere stories live. Discover now