part (19)

595 62 8
                                    


Unicode

ထိုနေ့မှစပြီး တစ်လကျော်ကြာတဲ့အခါ ဖြူနဲ့သတိုးကိုစေ့စပ်ပေးဖို့ ဦးပြေငြိမ်းနဲ့အန်တီသန်းကစီစဥ်ပါတယ်။
ရုတ်တရက်ဖြစ်လွန်းတာမို့ ဖြူရောသတိုးပါအံ့သြကြရပေမဲ့ လူကြီးတွေကထိုအတိုင်းပဲစီစဥ်ထားချင်တယ်လို့ပြောပါတယ်။
ဖြူက အမေဖြစ်သူကိုမဖုံးကွယ်ထားဘဲ ချက်ချင်းပြောပြလိုက်တာမို့ အန်တီသန်းက သတိုးနဲ့ဖြူတို့အကြောင်းကိုသိသွားတာကြောင့် လူကြီးတွေကချက်ချင်းစီစဥ်တာပါ။

''ဖြူတို့... ဘယ်လိုလုပ်ကြမလဲ သတိုး''

''အင်း... ငါရောပဲတွေးနေတာ...''

''ဖြူတို့က ချစ်သူဖြစ်တာ တစ်လပဲရှိသေးတာကို... ချက်ချင်းကြီးအဲ့လိုစေ့စပ်တာတော့ ဖြူလဲ လက်မခံချင်ဘူး...သတိုး သဘောကရော''

သတိုးက ဖြူကိုကြည့်တယ်။ သတိုးဘဝမှာ အရင်းနှီးဆုံးပတ်သတ်ရတဲ့မိန်းကလေးက ဖြူတစ်ယောက်ထဲပဲဖြစ်သည်။ ဖြူ့အပေါ်ချစ်သောအချစ်ကို သတိုးသေသေချာချာအဓိပ္ပါယ်မဖွင့်မိသေးပါ။ သေချာတာကတော့ ရန်ပြေငြိမ်းရဲ့သတင်းဆိုးတွေနားနဲ့မဆန့်အောင်ကြားလာရတဲ့အပြင် ဖြူ့ကိုတစ်ခါတစ်ရံမှာ အနိုင်ကျင့်ခိုင်းစေတတ်တာတွေလဲရှိလာတာကြောင့် ဖြူ့ကိုစိတ်မချဖြစ်တာတော့အမှန်ပါပဲ။

ရန်ပြေငြိမ်းက ရေကူးကန်မှာ​ရေကူး​နေရင်း ဖြူ့ကိုတစ်ခုခုစားဖို့ယူလာခိုင်းတာတွေ။ သူ အားကစားလုပ်ပြီးရင် ဖြူ့ကိုအကြောင်းမရှိအကြောင်းရှာပြီးခိုင်းတာတွေကို သတိုးသိရကြားရပါတယ်။ အိမ်မှာအမြဲမရှိတာက သတိုးပါ။ ခရီးတွေထွက်နေရတာကြောင့် တစ်လမှာလေးငါးရက်အပြင်ပိုပြီးအိမ်မှာမရှိရပါ။
ဖြူက​တော့ ကျောင်းနဲ့အိမ်ပဲသွားလာတတ်တာကြောင့် ရန်ပြေငြိမ်းနဲ့အနေပိုများသလိုဖြစ်နေရတယ်။

ကိုယ့်မျက်စိကွယ်ရာမှာ ကိုယ့်ညီမလို ကိုယ့်သူငယ်ချင်းလိုဖြစ်ရသူကို မထားလိုခြင်းက သတိုးရဲ့အချစ်ပါ။ ငယ်ရွယ်စဥ်အချိန်မှာ သတိုး ဖြူ့ကိုချစ်ခဲ့မိတဲ့အချစ်က ဖြူ့ကိုလုံခြုံစေချင်ပြီး စောင့်ရှောက်စေချင်တဲ့ဆန္ဒလို့ပြောရင်လဲရလောက်မယ်ထင်တယ်။ ထိုအချိန်မှာတော့ သတိုးအနေနဲ့ အချစ်ကိုခွဲခြမ်းစိတ်ဖြာနေဖို့ပင်အချိန်မရခဲ့ပါ။

နှလုံးသားခင်းသော.....လမ်းWhere stories live. Discover now