Chapter 16

11.3K 475 18
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 16

"What did you do?"

ဆောင်း ကားမတော်တစဖြစ်လို့ရောက်လာတဲ့ လူနာကို နာဖူးပေါက်သွားတာကြောင့်ဆေးထည့်ပေးနေခိုက် လူနာကသူမလက်ကိုဆွဲကိုင်လိုက်တာကြောင့် ရုန်းပြီးမေးလိုက်သည်။

"I want to marry you"

လာပြန်ပြီ ဒုတိယသူ့စေရာ။သူမက ဆေးကူပေးတာကို ကျေးဇူးမတင်ပဲ ဆေးရုံကိုများ ပြည့်တန်ဆာတွေနေတဲ့ KTV မှတ်ပြီးပြောနေတာကြောင့် နဖူးကကွဲနေတဲ့ ဒဏ်ရာပေါ်ကို အရက်ပြန်တွေလောင်းချပစ်လိုက်သည်။အရက်ပြန်ကို အနာတည့်တည့်လောင်းချတာတောင် တွန့်တောင်မတွန့်သွားတဲ့ ကောင်ကြောင့် နဖူးကဒဏ်ရာကို လက်နဲ့ကုတ်ချစ်လိုက်တော့ အနာအတုလုပ်ထားတဲ့ အသားဖက်ကြီးကပါလာသည်။

"I'm not a practicing doctor. Don't come like that again and leave now"

{ကျွန်မကအားနေတဲ့ဆရာဝန်မဟုတ်ဘူး နောက်တစ်ခါဒါမျိူးလာမလုပ်နဲ့ အခုချက်ခြင်းထွက်သွား }

ဆိုကာ အဲ့လူရဲ့ကော်လံစကိုစောင့်ဆွဲက ကုလူနာကုတင်ပေါ်ကဆွဲချလိုက်လိုက်ပြီး လူနာခန်းကနေစောင့်တွန်းထုတ်လိုက်သည်။သူမစောင့်တွန်းထုတ်လိုက်တယ်ဆို သူမကိုလက်ညှိုးထိုးပြီး ထွက်သွားသည်။

"ဆောင်း"

ဆောင်း သက်သက်အလုပ်လာရှုပ်တဲ့ကောင်ထွက်သွားတယ်ဆို စစ်ဆေးစရာရှိတဲ့ ဖျားနာလူနာတွေထားတဲ့ ဌာနဘက်ကို သွားဖို့ပြင်လိုက်တယ်ဆို သူမနာမည်ခေါ်တာမို့ လှည့်ကကြည့်လိုက်တော့ အစ်ကိုမင်းဗဟိုရ်။

"အစ်ကို တာဝန်ချိန်ပြီးပြီလား "

"အင်း ဆောင်းရောနေ့လည်စာမစားဘူးလား အစ်ကိုနဲ့သွားစားကြမယ်လေ"

သူမကို ဟိုလူကလာပို့မယ်ပြောထားပင်မဲ့အချိန်ကိုကြည့်လိုက်တော့ နေ့လည် 1နာရီပင်ရှိပြီမို့ အစ်ကိုမင်းဗဟိုရ်လည်းခေါ်နေတာကြောင့် သူမခေါင်းငြိမ့်ကာ ကန်တင်းရှိရာကိုအတူတူလျှောက်လာလိုက်သည်။အလကားလူ သူကိုစောင့်နေတာကို အခုထိလာမပို့ဘူး။

"မျှော်လင့်ချက်ပေးပြီး ကတိမတိတာ နောက်ဆိုရှင်ဆီက ဘာမှမမျှော်တော့ဘူး"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now