Chapter : 16

302 29 0
                                    

Zawgyi

အခန်း ၁၆- အပျိုစင်ဘဝ

နောက်ကြောင်းပြန်ခြင်းအဆက်...

သူက မင်္ဂလာပွဲကို အလေးမထားကြောင်း သိထားပြီး သူက သူမတို့၏အိမ်ထောင်ရေးကို ပထမဆုံး ပွဲဖျက်သူဖြစ်လာမည်ဟု ရီဟန်နန်က စိတ်ရင်းဖြင့် မျှော်လင့်ထားသည်။

အခုအချိန်မှာတော့ သူတို့နှစ်ဦးကြား စစ်မှန်တဲ့ရင်းနှီးမှုမဖြစ်ပွားခင်မှာ သူသာ သူတို့ရဲ့အိမ်ထောင်ရေးက အထမမြောက်ဖူးလို့ ကြေငြာခဲ့မယ်ဆိုရင် ထကြွသောင်းကျန်းခြင်းဖြစ်လာနိုင်တယ် ဒါဆို... သူမရောနဲ့အီဂေါ်ရော သဘောမကျတဲ့ လက်ထပ်မှုကို သူမ ရှောင်ရှားနိုင်သွားပြီ။

သေချာတာကတော့ သူမဟာ မင်္ဂလာဆောင်တဲ့နေ့မှာတင် 'ကွာရှင်းခံရသူ'လို့ လူသိများတဲ့ အမည်းစက်နဲ့ ထာဝရအဆုံးသတ်သွားလိမ့်မယ်။ ဘယ်တော့မှ အိမ်ထောင်ထပ်မပြုရတော့ဘူး။ ပထမဆုံးညမှာတင် ဘုရင်စွန့်ပစ်ထားတဲ့ သတို့သမီးကို ဘယ်သူက လက်ထပ်မှာလဲ။

လူ့အဖွဲ့အစည်းမှာ ဘယ်တော့မှ နေရာရလာမှာ မဟုတ်ဘူး။

ဒါပေမယ့် အဲ့ဒါက ကောင်းပါတယ်။

ချစ်ခြင်းမေတ္တာမပေးနိုင်သော အမျိုးသားတစ်ဦးနှင့်နေထိုင်ရတာထက် ပိုမိုကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သည်။ သူမအဖေလို ယောက်ျားမျိုးကို သူမ မလိုချင်ဘူး။ ရီဟန်နန်သည် သူမခင်ပွန်းက သူမကို မချစ်ကြောင်း သိလျက်နဲ့ သူမဘဝရဲ့စက္ကန့်တိုင်းကို အသက်ရှင်နေထိုင်ရတာထက် သူမနောက်ကွယ်မှာ အတင်းပြောတာကို ကြားနေရတာက ပိုကောင်းသည်ဟု ထင်သည်။

"အင်း..."

ရီဟန်နန်သည် အီဂေါ်ကိုဖြေဆိုခဲ့သည်။ သူမမျက်လုံးကို တင်းတင်းမှိတ်ထားသည်။

ပထမဆုံးနေ့မှာထဲက ဘုရင်မက ဘုရင်ကို သစ္စာဖောက်တဲ့အပြစ်ရှိကြောင်း ကြေညာလိုက်ရင် ဘယ်သူမှ ဘုရင်မကို လိုချင်မှာ မဟုတ်တော့ဘူး။

ရီဟန်နန်သည် အီဂေါ်က ဒေါသတကြီး အော်ဟစ်မည်ဟု မျှော်လင့်ခဲ့သည်။ သူမကိုယ်ပေါ်က သူ့လက်တွေကိုရုတ်၊ သူ့ရဲ့ဝတ်စုံကို ပြန်ဝတ်ပြီး အိပ်ရာထဲကထွက်ကာ သူတို့ရဲ့လင်မယားအရာမြောက်မှုဟာ သက်သေမပြရသေးသောကြောင့် သူတို့ရဲ့အိမ်ထောင်ရေးအကျုံးမဝင်ဘူးလို့ အခိုင်အမာပြောမယ်လို့ ထင်ခဲ့တယ်။

အချစ်မခံချင်ဖူး(MMTranslation)Where stories live. Discover now