Chapter : 19

274 23 0
                                    

Zawgyi

အခန်း ၁၉: သူမကို ယုံကြည်သည်။

လက်ရှိနေ့ရက်...

"နားလည်ပါပြီ သခင်မလေး အမြန်ဆုံး ထွက်သွားရအောင်"

ရီဟန်နန်၏မျက်နှာ မည်းမှောင်လာသည်ကို မြင်လိုက်ရသဖြင့် မေရီက အမြန် နှစ်သိမ့်လိုက်သည်။

"လိုအပ်တာတွေ ပြင်ဆင်ပြီး သိမ်းလိုက်ပါ့မယ်။ တခြားအရာအားလုံးကို စိတ်ပူနေဖို့ မလိုပါဘူး။"

"ကျေးဇူးတင်ပါတယ် မေရီ။"

"ရပါတယ် သခင်မလေး။ နှစ်ရက်အတွင်း ထွက်သွားချင်တယ်ဆိုရင် အခုပဲ သိမ်းလိုက်တော့မယ်"

"ပထမတော့ သင်္ဘောတစ်စီးလိုတယ်။ မေရီ ငါတို့အတွက် သင်္ဘောတစ်စင်းလုံးကို ကြိုငှားဖို့ မလိုအပ်ဖူး။ တခြားသူတွေရှိနေရင် အကောင်းဆုံးဖြစ်တယ်။ ဒီလောက်ဆို ရပြီ။"

"ဟုတ်ကဲ့ပါ သခင်မလေး စိတ်မပူပါနဲ့ စိတ်ချပါနော်"

မေရီက ပြုံးပြီး သူမလက်ကို သူမ၏ရင်ဘတ်ပေါ် တင်လိုက်တယ်။

"ထွက်သွားတဲ့လမ်းမှာ ဂျက်ဖရီကို ဝင်လာဖို့ ကျေးဇူးပြုပြီး ပြောလို့ရမလား"

"သခင်မလေးဆန္ဒအတိုင်းပါပဲ"

မေရီသည် အခန်းမှ ထွက်သွားပြီး အိမ်တော်ထိန်းဂျက်ဖရီကို ရှာတော့သည်။ ခဏအကြာတွင် အိမ်တော်ထိန်းသည် တံခါးကို လာခေါက်သည်။ သူဝင်လာတော့ ရီဟန်နန်က သူမဘေးက ထိုင်ခုံကို ညွှန်ပြလိုက်တယ်။

"သခင်မလေးရီဟန်နန် စောင့်နေရတာကြာသွားလား။ တောင်းပန်ပါတယ်။"

"အဆင်ပြေပါတယ်။ မေရီနဲ့လည်း အချိန်အကြာကြီး စကားပြောခဲ့တာဆိုတော့။ အရင်ဆုံး ထိုင်ပါ။ ကျွန်မတို့ ပြောစရာတွေ အများကြီး ရှိတယ်။"

အိမ်တော်ထိန်းသည် သူမနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံတွင်ထိုင်သည်။

"ဂျက်ဖရီ ကျွန်မကို ကူညီပေးတာအတွက် ကျေးဇူးတင်ပါတယ်။ ရှင့်ရဲ့လုပ်ရပ်တွေကို သတိထားမိပါတယ်။"

ဂျက်ဖရီသည် မြို့စား၏အမိန့်အတိုင်း သူမအား သော့ခတ်လိုက်ပါက သူမ၏လမ်းကြောင်းသည် ပြောင်းသွားနိုင်သည်။ မြို့စားအလက်ဆင်သည် ရီဟန်နန်၏ခရစ်တန်မှဆွေမျိုးများနှင့် ဘုရင်မကြီးထံမှ အဆက်အသွယ်အားလုံးကို သူမက နေမကောင်းဖြစ်နေပြီး မိခင်သေဆုံးမှုကြောင့် စိတ်မတည်မငြိမ်ဖြစ်ရသည့် အကြောင်းပြချက်ဖြင့် တားဆီးမည်ဖြစ်သည်။

အချစ်မခံချင်ဖူး(MMTranslation)Where stories live. Discover now