Chapter : 25

154 18 2
                                    

Zawgyi

ဇွန်းများနှင့် ပန်းကန်များ အပေါ်သို့ပျံတက်သွားပြီး မကြာမီ တည်းခိုခန်းသည် ဆူညံသွားသည်။ ထိုအချိန်တွင် ကောင်လေးနှင့် လူကြီးသည် ထောင့်တွင်ထိုင်ကာ တိတ်တဆိတ်စားသောက်နေကြသည်။

"ရှင့်မှာ ဥမရှိတာမလို့ ရှင့်ကိုယ်ရှင် သိအောင် ရှင့်ပေါင်ခြံမှာ နာရီထားထားတာ အကောင်းဆုံးပဲ!" ဒေါသထွက်နေသောအမျိုးသမီးက ပြောသည်။

"အေး ငါလဲပြန်ကျိန်ဆဲတယ်!" လူတယောက်က ကျိန်ဆဲပြီး သူ့အောက်ပိုင်းကို ချက်ချင်း ဖုံးလိုက်တယ်။

"မိန်းမပျိုက မကြာခင် ခရစ်တန်သို့သွားမဲ့ သင်္ဘောပေါ်ရောက်နေလောက်ပြီ။ ဒီအမွေဥစ္စာကို ထားခဲ့ရတော့မှာပဲ" အမျိုးသမီးက ဆိုသည်။ "ရှင် ဘာပြောလိုက်တာ။ ကျွန်မတို့က မိန်းမပျိုလေးအကြောင်းပြောနေတာ ရှင့်အမေအုတ်ဂူပေါ်သာ သွားတံတွေးထွေးလိုက်!"

"မင်းအမေရဲ့အုတ်ဂူပေါ် တံတွေးထွေးမှာ!"

ကောင်လေးက တန့်သွားပြီး ခက်ရင်းက ပြုတ်ကျသွားတယ်။ ရှုပ်ပွနေသောစားပွဲဆီသို့ လျှောက်လာသည်။

"ဘာပြောလိုက်တာ? မိန်းမပျို သူမ အာရန်ဒဲလ်က ထွက်သွားတော့မှာလား။" ကောင်လေးက စိုးရိမ်တကြီးနဲ့မေးလိုက်တယ်။

ယောက်ျားကြီးနှင့် အမျိုးသမီးသည် ကောင်လေး၏ရုတ်ချည်းပုံစံကြောင့် အနည်းငယ် အံ့ဩသွားသော်လည်း သူတို့သိသောအရာကို ပြောပြသည်။

"ကလေး အိမ်တော်မှာ အလုပ်လုပ်တဲ့ ဆွေမျိုးတစ်ယောက်ဆီက ကြားရတာ" ထိုလူက ပြောသည်။

"မိန်းမပျိုက မြေကွက်တချို့ကို ရောင်းပြီး Salerno Portမှ ခရစ်တန်သို့ သွားမဲ့ လက်မှတ်ကို ဝယ်ယူခဲ့တယ်။ ဒီနေ့ နေ့လည်က ထွက်သွားကြပြီ..." အမျိုးသမီးက ဆက်ပြောသည်။

ဒါပေမယ့် သူတို့မပြီးခင်မှာ ကောင်လေးက တည်းခိုခန်းထဲက ပြေးထွက်သွားတယ်။ ကောင်လေး၏အစေခံ လူကြီးသည် အစာနင်သွားပေမဲ့ ရွေးချယ်စရာလမ်းမရှိဘဲ ကောင်လေးနောက်သို့ လိုက်သွားရသည်။

"သခင် ကျွန်တော်တို့ ဘယ်သွားမလို့လဲ"

သူ အကြိမ်ကြိမ် မေးနေပါစေ ကောင်လေးက မဖြေဘူး။ ကောင်လေးရဲ့ထူးခြားတဲ့ပြောင်းလဲမှုက သူ့ကိုလည်း စိတ်ရှုပ်စေတယ်။ သူက ခေါင်းမာပြီး၊ သစ္စာရှိပြီး၊ စိတ်တိုလွယ်ပေမယ့် သူ့လက်အောက်ငယ်သားတွေကို အခုအချိန်အထိ ဘယ်တော့မှ အေးတိအေးစက် မဆက်ဆံဘူး...

အချစ်မခံချင်ဖူး(MMTranslation)Where stories live. Discover now