Chapter : 27

147 11 0
                                    

Zawgyi

အခန်း ၂၇

ငွေရောင်ဆံပင်အမျိုးသမီးက ခေါင်းခါပြီး "မဟုတ်ဘူး ငါမလုပ်ဘူး"

"ဘာလို့လဲ? လာ တစ်ယောက်ရွေးစမ်းပါ"

"ကိုယ့်ဘာသာရွေး" ငွေရောင်ဆံပင်နဲ့ အမျိုးသမီးက လှည့်ပြီး မင်းသမီးလေးကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တယ်။

ဘုရင်ကြီးသည် သမီးတော်အား စိတ်နှလုံးအကြွင်းမဲ့ ချစ်မြတ်နိုးသောကြောင့် သူမ၏စကားနှင့် အမိန့်တော်များသည် ဘုရင့်အမိန့်နှင့်တူတူပင် ဖြစ်သည်။ သူမသည် ဒေါသကြီးသည်ဟု လူသိများပြီး တော်ဝင်မိသားစု၊ သူမ၏ဆွေမျိုးများနှင့် နာနီတို့မှလွဲပြီး သူမကို မည်သူမျှ မဖျောင်းဖျနိုင်ပေ။ ထို့ကြောင့် မင်းသမီးလေးအား မည်သူမျှ ပြောဆိုရန် သတ္တိမရှိပေ။

ဟယ်လီနာသည် ရယ်မောကာ ထိုင်ခုံမှထလိုက်သည်။ "ငါက စနေတာပါ။ အခုလို အေးခဲတဲ့ရာသီဥတုမှာ နင်တို့ကို ရေကန်ထဲ ဆင်းခိုင်းပါ့မလား"

အထက်တန်းလွှာတို့သည် ရှက်ရွံ့စွာ ရယ်မောကာ 'မင်းက ဒီလိုမျိုး လုပ်တတ်သူပါ' ဟု တွေးလိုက်ကြသည်။

ဟယ်လီနာသည် သူ့လက်နှစ်ဖက်ကို ပိုက်လိုက်သည်။ "ငါမလုပ်ခိုင်းပါဘူး။ ရီယာက ဒီလိုပြောတဲ့အတွက် ငါတို့ ဒီမှာပဲ ရပ်လိုက်မယ်"

စောစောက ဖြစ်ရပ်ရဲ့အကြောင်းရင်းမှာ လူတစ်ယောက်က ထေ့ငေါ့ပြီး "ရီဟန်နန်က အာရန်ဒဲလ်ရဲ့သူလျှိုဆိုတာ တကယ်လား?"လို့ ပြောမိတဲ့အတွက်ဖြစ်သည်။ ထိုလူသည် သူမစကားကြောင့် ရှက်သွားတယ်။

ရီဟန်နန်သာ သူ့ဘဝကို ဇောက်ထိုးဖြစ်ရန် ရွေးချယ်ခဲ့လျှင် ဟူး... မင်းသမီးလေးက သူ့အတွက် ဘာလုပ်မည်ကို စိတ်ကူးမယဉ်ချင်ပေ။

"အို ဘုရားရေ ဒါတွေအားလုံးက ဘာလဲ"

အနောက်ကနေ စူးစူးရှရှအသံတစ်ခု ထွက်ပေါ်လာပြီး အားလုံးက တစ်ချိန်တည်းမှာ ခေါင်းကို လှည့်ကြည့်လိုက်တော့ မင်းသမီးလေးရဲ့နာနီက အံ့အားသင့်နေတဲ့ အကြည့်တွေနဲ့ သူတို့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

အချစ်မခံချင်ဖူး(MMTranslation)Where stories live. Discover now