Chapter 17

10.6K 392 8
                                    

👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 17

ဒီနေ့တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်သားအလုပ်ပိတ်ရက်အတူတူဖြစ်နေတာကြောင့် နောက်ကျမှ အိပ်ယာထဖြစ်ကြသည်။နောက်မှ အိပ်ယာထတယ်ဆ်ုပင်မဲ့ အဲ့တာကသူမသာ။သူကတော့အရင်ရက်တွေထက် 1နာရီသာပိုအိပ်ပြီး နှစ်ယောက်စားဖို့အတွက် မနက်စာရော နေ့လည်စာရောအတွက်ပါထပြီးပြင်ဆင်သည်။

သူမအိပ်ရာကနိုးတော့ 11 နာရီခွဲတော့မှာမို့ ရေချိူးခန်းထဲဝင်ကာ မျက်နာသစ်ရင်း ရေပါတစ်ခါတည်းချိူးကာ ပေါ့ပေါ့ပါးပါး ပေါင်လည်လောက်ရှိတဲ့ ဂျင်းဘောင်းဘီအတိုလေးနဲ့ ဒိုရေမွန်ပုံလေးနဲ့စပို့ရှပ်လေးကို တွဲဝတ်ကာ အောက်ကိုဆင်းလာတော့ သူကဆိုဖာပေါ်ထိုင်ပြီး ခြေချိတ်ကာ သူ့ Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေသည်။

"ရှင်မနက်စာ စားပြီးပြီလား"

Mine Sunday မို့ရုံးပိတ်တုန်း နောက်နေ့ကြတင်ပြရမဲ့ အမှုနဲ့ပက်သက်တဲ့ File တွေကိုစစ်နေခိုက် သူ့ပူတူးလေးအသံမို့ မော့ကြည့်လိုက်တော့ ဒဏ်ရာမပြောနဲ့ အမာရွတ်တောင်မရှိတဲ့ သူမခြေထောက်ဝင်းဝင်းလေးကို မြင်လိုက်ရတယ်ဆို အမှုပိုင်ကို Save တာကို Delete ကိုနိပ်မိသွားပင်မဲ့ သူသတိမမူမိပဲ Latop ပိတ်ကာ အရှေ့လေးထောင့်စားပွဲပေါ်တင်လိုက်သည်။

"ပူတူးနိုးပြီလား မနက်စာစားမလား နေ့လည်စားလား"

"12 နာရီပဲရှိပြီ မနက်စာစားစရာလား ရှင်နေ့လည်စာပြင်ပြီးပြီလား ကျွန်မဘာလုပ်ရဦးမလည်း"

သူမပြောတာကို ခေါင်းငြိမ့်ကာဆိုဖာပေါ်ထိုင်နေရာကထလိုက်ပြီး သူမလက်ကိုဆွဲရင်းသူမကို နေ့လည်စာစားဖို့ပြင်ထားတဲ့ အိမ်အပြင်ဘက်က ရေကန်ထဲက နားဖို့ပြင်ထားတဲ့နေရာကို ခေါ်လာလိုက်သည်။

သူမတို့နှစ်ယောက် ရေကန်အလည်မှာပြင်ထားတဲ့ ဆိုဖာရှေ့ကခုံပေါ်က အဖြူရောင်ဟာကြီးကို စိတ်ဝင်တစားကြည့်နေရင်း လျှောက်လာကာ အဲ့နားရောက်တော့ သူကသူမကိုထိုင်ခိုင်းလိုက်ပြီး.....

"ရှင်ပြင်ထားတယ်ဆို ဘယ်မှာလဲ"

သူမမေးတာကို ဘာမှပြန်မဖြေပဲ သူမစိတ်ဝင်စားနေတဲ့ အဖြူရောင်ဟာကြီးက အခုသေချာကြည့်မှာ အံစွဲလိုအဆင့်တွေအများကြီးပင်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now