2

81 20 2
                                    

Asahiတစ်ယောက် အဘိုးရဲ့အိမ်မှာနေဖြစ်တာ တစ်လပင်မပြည့်သေးပေမယ့် အခုနောက်ထပ်အိမ်တစ်ခုစီပြောင်းရွှေ့ဖို့သွားမယ့်လမ်းမှာဖြစ်သည်။

သူပိုင်တဲ့ ပစ္စည်းအနည်းငယ်ကို လက်မှာပိုက်ပြီး
သိကျွမ်းတာနာရီပိုင်းပင်မကြာသေးတဲ့ သူစိမ်းတွေရဲ့ကားပေါ်မှာ လူနှစ်ယောက်က သူ့ကိုအလယ်ကညှပ်၍ စီးလာသည်။
မသိရင် လွတ်သွားမှာစိုးတဲ့၀ရမ်းပြေးက်ို အစောင့်တွေချထားတဲ့ ပုံစံမျိုးနဲ့တောင်ဆင်တူနေသေး။

Asahiရဲ့ဇာတာကိုကလည်း အိမ်ခဏခဏပြောင်းရမည့်ဇာတာမျိုးဖြစ်မည်ထင်သည်။
မိဘနှစ်ပါးလုံးကအိမ်ထောင်ကွဲသွား၍ တစ်ကွဲတစ်ပြားစီလိုက်နေရမှာAsahiစိတ်လေသည့်အဆုံး အမေရဲ့အဖေဖြစ်သူ အဘိုးအိမ်ကိုသာ  လာနေဖြစ်ခဲ့သည်။

အိုဆာကာကနေ နာဆူကာကို ပြောင်းလာပေမယ့်  ကျောင်းပြီးပြီးချင်း အလုပ်မှာ မယ်မယ်ရရမရှိ။
ဝါသနာကလည်း စာရေးဆရာဖြစ်ချင်တာကြောင့် အဘိုးကိုတောင် မထောက်ပံ့နိုင်ဘဲ
အသက်ကြီးတဲ့ အဘိုးက သူ့ကိုပြန်ကျွေးမွေးနေခဲ့ရသေးသည်။

နေ့တိုင်းသာမန်ရုန်းကန်‌ေနရတဲ့လူတန်းစားအတွက်က စာရေးဆရာဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အိမ်မက်တစ်ခု
အကယ်၍စာရေးပြီဆိုပါစို့ ။ ကိုယ့်ရဲ့စာအုပ်ကို ယုံယုံကြည်ကြည်ဖြန့်ချီပေးမယ့် စာအုပ်တိုက်ဟာ ရှိနေမှ။
စာအုပ်ထွက်ဖို့ဆိုရင်လည်း အချိန်တော်တော်များများကြာအောင်အချိန်ယူ ရေးသားမှရမည်။
အဲ့ဒီ့အတွက် သူနဲ့ စာရေးဆရာအလုပ်ဟာ မိုးနဲ့မြေလို ဘယ်လိုမှစိတ်ကူးယဉ်ဖို့တောင်မဖြစ်နိုင်။

ဒါပေမဲ့ အားတဲ့အချိန်လေးတွေတော့ ကပ်သပ်ပြီး သူရေးဖြစ်နေခဲ့သည်။

“ဟိတ်လူ ....ဆင်းတော့

ဘေးနားက အမိန့်ပေးသံကြောင့်အတွေးစတွေပျက်ပြယ်သွားကာ ကားပေါ်မှ ဆင်းလိုက်ရသည်။
အထုပ်လေးလက်မှာပိုက်ကာ ဘယ်သွားရမှန်းမသိကြောင်တောင်တောင်ဖြစ်နေဆဲ။

“ဒီခြံပဲ .....ခင်ဗျား ၀င်လို့ရပြီ

အရပ်ရှည်ရှည်နဲ့ခေါင်းဆောင်ရဲ့ အမိန့်ကြောင့် သူခြံထဲသို့ နောက်မှလိုက်ကာ၀င်လိုက်သည်။
သူဌေးအိမ်ဆိုတော့လည်း ပြောနေဖို့မလို ဖိတ်ဖိတ်တောက်အောင် ပြောင်လက်ထည်ဝါနေသည်။
သူနဲ့ အဘိုးတို့အိမ်လိုမျိုးက ခြံ၀င်းထဲမှာ ဂိုဒေါင်နဲ့တူသောပုံစံပင်မရှ်ိ။

 my business partner (Haruto + Asahi)Tempat cerita menjadi hidup. Temukan sekarang