4

72 15 2
                                    

Asahiက စပ်စုရတာတော့ ဝါသနာမကြီးပေမယ့် ဒီအိမ်မှာနေ‌ရင်တော့ဖြင့် အိမ်သားတွေအကြောင်းကို အလုံးစုံသိထားရမည်ဟုထင်သည်။

အလုပ်သမားအားလုံးရဲ့ ကိုယ်ပိုင်အချိန်ရောက်မှ အိမ်ထဲကထွက်ပြီး တစ်ဖက်အဆောင်ကို ကူးလိုက်သည်။

ခပ်တည်တည်မျက်နှာတွေနဲ့ တစ်ဖက်အဆောင်ထဲက လူတွေက ကြည့်လာတာကြောင့် သူ့ဘက်ကပဲ၀င်ရောပြီး ရယ်ပြလိုက်တယ်  ။ တစ်ဖက်တုံ့ပြန်မှုကနှေးမယ်ဆိုတာကို သိပေမဲ့လည်း

“....................”

“ဒီအိမ်မှာ အလုပ်လုပ်နေတဲ့ လူချင်းတူတူဆိုတော့ မိတ်ဆက်ထားချင်လို့ပါ
ခဏ ထိုင်လို့ရမလား ”

Asahiခန္ဓာကိုယ်နဲ့မတူပဲ ဗလတောင့်တောင့်လူတွေက ပြန်ပြီးတော့ တုံ့ပြန်ခြင်းမရှိ။
သူတို့ရဲ့အ၀တ်စားလျှော်ထားတဲ့ ရေတွေကိုသာ ခါပစ်‌ပြီး တန်းစင်မှာ ချိတ်နေတော့သည်။

“ငါ့နာမည်က Hira , ”

စကားသံက ခပ်ပြတ်ပြတ်။

“ဪ ...ငါ့နာမည်က Asahiပါ
ဟိုနေ့က ငါ့အဘိုးအိမ်ကို မင်းလည်းပါလာတော့ ငါ့အကြောင်းသိသင့်သလောက် သိပြီးသားဖြစ်မှာပါ
ဒီအ်ိမ်က အကြောင်းလည်း နည်းနည်းလောက်မေးချင်လို့ ”

“ဒီအိမ်မှာ တစ်ခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို အများကြီးမေးလို့မရဘူး

“ တစ်ခြားသူတွေ နာမည်ကရော ....
နာမည်တော့သိလို့ရတယ်မလား

“ဘာလုပ်မလို့လဲ မင်းကသန်းခေါင်စာရင်းစစ်မလို့လား
ဒီအိမ်မှာ ငါကအလုပ်သမားခေါင်းဆောင်ပဲ ဒီအိမ်အကြောင်းမေးချင်ရင်ငါ့ကို အကုန် မေးလို့ရတယ်

စိတ်မရှည်သလိုလေသံကြောင့် သူတို့Bossနဲ့ ခဏလောက်နေရာချင်းသာလဲလို့ရရင်ဖြင့် နားရင်းကြီး ပိတ်တီးပစ်ဦးမယ် ဟု Asahiရဲ့ စိတ်ထဲမှတွေးလိုက်တယ်
မျက်နှာမှာတော့ အပြုံးများဖြင့်သာ

“Haruto sanရဲ့ မိသားစုအကြောင်းလေးသိချင်မိလို့ပါ
ငါလဲ အိမ်မှာ‌ေနတာဆိုတော့ ကြိုသိထားတော့ ကောင်းတယ်မလား

“Haruto sanမှာ မိဘတွေမရှိဘူး
အခုအတူနေတဲ့ ဦးလေးက သူ့အမေဘက်က အမျိုး။
နောက်ထပ်ဦးလေးတစ်ယောက်နဲ့ ညီအစ်ကို၀မ်းကွဲ တစ်ယောက်တော့ရှိသေးတယ် ဒါပေမဲ့ Haruto san နဲ့ ဆက်ဆံရေးမပြေလည်ကြဘူး ။ အဲ့တာသူတို့မိသားစုအကြောင်းအကုန်ပဲ
နောက်ထပ်ဘာသိချင်လဲပြော

 my business partner (Haruto + Asahi)Where stories live. Discover now