1

257 19 8
                                    

"ဒါက ဒီလရဲ့ အကြွေးတောင်းရမဲ့သူ စာရင်းပါHaruto San "

Haruto ဆိုတာကတော့ တစ်မြို့လုံးနီးပါး မသိသူမရှိတဲ့ ငွေတိုးချေးတဲ့သူတစ်ယောက်။
သူ့မှာ အကြွေတောင်းပေးရသည့် အများအမြင် ၀န်ထမ်း ခေါ် လူမိုက်ဂိုဏ်းအဖွဲ့၀င်များလည်း များစွာရှိသည်

မိဘတွေနှစ်ဦးစလုံးဆုံးပါးသွားပြီးနောက် Harutoဟာ မိဘတွေ လက်ငုပ်လက်ရင်းဖြစ်တဲ့ ငွေတိုးချေးတဲ့အလုပ်ကိုပဲ ကျောင်းကနေအနားယူကာ တစိုက်မတ်မတ်လုပ်ဖြစ်သည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့သူဟာ ခပ်ရှားရှားဖြစ်ပြီး ထိုထဲတွင်တော့ Harutoဟာ စံပြတစ်ယောက်။

လုပ်ငန်းလည်ပတ်ချင်တဲ့သူတွေရဲ့အားကိုးရာဖြစ်သလို အကြွေးမဆပ်နိုင်တဲ့သူတွေအတွက်လည်း သေမင်းတမန်နီးပါး ကြောက်ဖို့ကောင်းတဲ့သူတစ်ယောက်ပင်။

" Aikiဆိုတဲ့ အဘိုးကြီးက အရင်လကအတိုးတွေကို ‌ခုထိမဆပ်ရသေးပါလား
မင်းတို့ထဲက ဘယ်သူများမေ့ပြီး သွား မတောင်းတာလဲ "

Harutoရဲ့လေသံဟာ နူးညံ့ပျော့ပျောင်းမှုလည်းရှိမနေသလို စိတ်ဆိုးနေသည်ဖြစ်စေ၊ ပုံမှန်စကားပြောနေသည်ဖြစ်စေ လေသံအတတ်အကျဟာ တစ်သမတ်တည်း။

"အဲ့ ...အဲ့ တာကလေ Boss

"ဘာဖြစ်လို့လဲ "

"အဲ့ ဒီ့အဘိုးကြီးက ခေါင်းမာလို့ပါ
သွားတိုင်းလည်း အရက်သောက်ရင်သောက် ဒါမှမဟုတ်လည်း
သူ့ရဲ့နိုင်ငံ့လက်ရွေးစင်ဖြစ်ခဲ့တ‌ဲ့ ကရာတေးအကွက်တွေနဲ့ ရန်ရှာလွှတ်နေလို့ပါ

"မင်းတို့က ဒီလောက်အဘိုးကြီးတောင် မနိုင်တော့ဘူးလား
သူချေးထားတဲ့ အကြွေးတွေက တော်တော်များနေပြီ ကွ
အဲ့လောက်ကြောက်နေရင်လဲ မင်းတို့မိန်းကလေး ဘီကီနီသာ ၀တ်ပြီးသွားသင့်တယ်"

၀န်းထမ်းတွေဟာ လက်နှစ်ခုကိုရှေ့မှာထားပြီး ခေါင်းငိုက်စိုက်နေကြတယ်

"တောင်း ပန်ပါတယ် Boss
အဘိုးကြီးက နားလည်းသိပ်မကြားတော့ ကျွန်တော်တို့ ပြောတာလဲ ဂရုမစိုက်ဘူးလေ
ပြီးတော့ Bossရဲ့ မိဘတွေလက်ထက်ထဲက အကြွေးမို့လို့ အချိန်တွေလည်းအရမ်းကြာနေပြီး အတိုးတွေလည်း အရမ်းများနေပါပြီ

 my business partner (Haruto + Asahi)Where stories live. Discover now