3

88 15 6
                                    

ခြံကြီးဟာ တိတ်ဆိတ်နေပေမယ့် Asahi တစ်ယောက်ကတော့ မနက်ခင်းမှာပင် ချွေးပျံနေပြီဖြစ်သည်။မိဘအိမ်မှာတုန်းက ကျောင်းလေးတတ်လိုက် ၊ စာလေးရေးလိုက်နဲ့ ပျင်းမှန်းမသိ ဘ၀ကို ဖြတ်သန်းလာခဲ့ရသည်။

ဒီချိန်မှာတော့ လက်ထဲမှာ လက်အိတ်တစ်ခုစွပ်ကာ ကျယ်၀န်းသော ခြံထဲမှာ သစ်ရွက်ခြောက် အမှိုက်ကောက်သမားလေးဖြစ်နေတော့သည်။

အလုပ်သမားတွေကိုယ်စီကလည်း ကျန်တဲ့အလုပ်တွေသာလုပ်နေကြပေမယ့် သူ့ဘက်ကို ယောင်လို့တောင် လှည့်မလာကြ....
ခြံတစ်ခုလုံးအမှိုက်ကို တစ်ယောက်ထဲရှင်းခိုင်းနေတာကိုက သွေးအေးအေးနဲ့Boss ဟာ အရမ်းကိုရက်စက်လွန်းနေပြီ။

အိမ်ကြီးရှင်ကိုယ်တော်ကတော့ ခြံထဲက ခုံတစ်ခုပေါ်မှာ စာရင်းတွက်နေပေသည်။

“ကုန်ပါပြီ.....ကုန်ပါပြီ .....

အံ့ဩတကြီးနဲ့ လက်မှ အထုပ်တွေပစ်ချကာAsahiကိုတစ်လှည့် မြက်တွေကိုတစ်လှည့်ကြည့်လာတဲ့ မျက်နှာခပ်စိမ်းစိမ်းလူကြောင့်Asahiလဲ လန့်ဖြန့်သွားမိတယ် .....
သူ့ရှေ့မှာ ရပ်နေတဲ့သူကို  အိမ်မှာ မတွေ့ဖူးသေး

အရပ်ကခပ်လတ်လတ် ၊ အနက်ရောင်ဆံပင်များက ကုတ်ပိုးထောက်နေပြီး ၊ နွေရာသီဖက်ရှင်လိုမျိုး အပွင့်ခက်တွေပါတဲ့ ဟာဝေယံရှပ်ကို ၀တ်ဆင်ထားသည်။

“ ငါ့အပင်လေးတွေ ကုန်ပါပြီ

ထိုလူကAsahiဆွဲနှုတ်ထားတဲ့ အပင်တွေကိုသာ ကြေကွဲဖွယ်ကြည့်နေတော့တယ်

“ လာကြဦး ...လာကြဦး
သူက ဘယ်သူလဲ ငါ့အပင်တွေကို ဘာလို့ဆွဲနှုတ်ပစ်ရတာလဲ !!!!
ဘယ်သူနှုတ်ခိုင်းတာလဲ !!!

အလုပ်သမားသုံးယောက်ခန့်လောက်ပြေးလာပေမယ့် သူတို့လဲ တစ်စုံတစ်ရာဖြေရှင်းချက်မပေးနိုင်ပါဘဲ ခေါင်းကိုသာ လှိမ့်ပိတ် ကုတ်နေကြတော့သည်။

“မနက်စောစောစီးစီး ဘာတွေဖြစ်နေတာလဲ”

ဘောင်းဘီလက်ထဲလက်လျှိုထည့်ကာ ခပ်ဖြေးဖြေးလျှောက်လာတဲ့ Haruto ပင်ဖြစ်သည်။

“...ဒီမှာ ငါ့အပင်တွေ ကုန်ပြီ တွေ့လား....
မင်းဘယ်လိုလူတွေ အလုပ်ခန့်ထားတာလဲ Haruto   ”

 my business partner (Haruto + Asahi)Where stories live. Discover now