Part _ 1 ( Unicode )

652 27 2
                                    

" အား.....ကျွတ် ကျွတ် ကျွတ်..... "

မူးဝေနောက်ကျိနေတဲ့ခေါင်းကိုလက်နဲ့ဖိကာ အမြန်ထလိုက်တော့မျက်လုံးတွေထဲမိုက်ကနဲဖြစ်သွားရသည်။

" ငါ ဘာဖြစ်သွားတာလဲ......"

ခဏလောက်ခပ်တွေတွေစဥ်းစားအပြီးမှာ သူ ဆိုင်ကယ်စီးသင်ရင်းအရှိန်မထိန်းနိုင်ပဲ ခြံထဲကသစ်ပင်ကြီးကိုဝင်တိုက်ခဲ့မိတာကိုသတိရသွားခဲ့သည်။ နာကျင်ကိုက်ခဲနေတဲ့ခေါင်းအပြင် အဖြူရောင်ပတ်တီးကျပ်ကျပ်စည်းထားတဲ့လက်နဲ့ တစ်ချို့သောအရေပြားပေါ်ကစပ်ဖျင်းဖျင်းခံစားမှုတွေကို တစ်ပြိုင်နက်တည်းရလိုက်သည်။

" ဟူး..... "

ရွှမ်း!

" _ျီးယား.......မဖြစ်ဘူး......"

ကုတင်ပေါ်က အသည်းအသန်ခုန်ချကာ ကမ္ဘာပျက်သလိုခြေလှမ်းတွေနဲ့ အခန်း
အပြင်ဘက်ပြေးထွက်ပြီးလေကားထစ်တွေတဝုန်းဝုန်းနဲ့ပြေးဆင်းကာ ခြံဝင်းရှေ့ရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရင်ထဲ
နင့်ကနဲ့......

" Palm...... "

" Khun Nueng ....... Khun Nueng ဘာမှမဖြစ်ဘူးနော်....... Khun Nueng အဆင်ပြေရဲ့လား......."

မြက်ခင်းပြင်အလယ်မှာ အပေါ်အင်္ကျီဗလာနဲ့ လက်နှစ်ဖက်ကို ကြိုးချည်ကာ ကျောပြင်အနှံ့အရှိုးရာတွေထပ်နေတဲ့သူက Nueng ကို
မြင်တော့ စိုးရိမ်ရိပ်တွေသမ်းယှက်နေတဲ့အကြည့်နဲ့ကြည့်ကာ အသည်းအသန်မေးမြန်းလာခဲ့သည်။

" အိုး.....  အဘွားမြေးလေး Nueng.....  သတိရလာပြီလား...... လာပါဦး အဘွားဘယ်လောက်စိတ်ပူနေရလဲသိရဲ့လား....."

လက်နှစ်ဖက်ကမ်းကာလှမ်းခေါ်နေတဲ့ ဘွားဘွားဆီ လက်အုပ်လေးချီကာ လျှောက်သွားပြီးပွေ့ဖက်လိုက်ရပေမယ့် Nueng အ
ကြည့်တွေကတော့ ဖြူဖျော့နေတဲ့မျက်နှာနဲ့နေပူပူထဲထိုင်ရင်းအပြစ်ပေးခြင်းခံနေရတဲ့ Palm ဆိီမှာသာ......

" Nueng ဘာမှမဖြစ်ပါဘူး ဘွားဘွား...... စိတ်မပူနဲ့တော့နော်.....ဘွားဘွားကို စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်..... "

" အိုး.....  မြေးလေးတောင်းပန်စရာမလိုပါဘူး...... Palm ရဲ့အပြစ်ပဲ...... သခင်လေးကို သေချာမစောင့်ရှောက်ဘူး...... "

H O N E Y Where stories live. Discover now