" Palm ...... Palm သတိထားပါဦး...... "ခပ်တိုးတိုး Khun Nueng ရဲ့ခေါ်သံက Palm
နားထဲမှာ ဝေးသွားလိုက် နီးလာလိုက်....." Kh... Khun Nueng...... "
" Palm မင်းသတိရလာပြီလား....."
Palm မျက်လုံးတွေဖွင့်လိုက်ကာ မူးနောက်နောက်ဖြစ်နေတဲ့ခေါင်းကို နှစ်ချက်လောက်ဆင့်ခါလိုက်တော့ နဖူးပေါ်ဝဲကျနေတဲ့ဆံပင်တွေဖရိုဖရဲဖြစ်သွားခဲ့ရသည်။
သူ့ကိုစိုးရိမ်တကြီးကြည့်ရင်း ခပ်တိုးတိုးခေါ်နေတဲ့ Khun Nueng ကို လက်နှစ်ဖက်နောက်ပြန်ကြိုးတုပ်လျက်အနေအထားနဲ့ကြမ်းပြင်ပေါ် မှာခပ်ခွေခွေလဲကျနေတာကိုမြင်လိုက်ရတာမို့ အမြန်ထသွားဖို့ကြိုးစားလိုက်မှပဲ သူလဲ Khun Nueng လို ပင်
လက်နှစ်ဖက်ကိုနောက်ပြန်ကြိုးတုပ်ခံထားရတာကိုသတိထားလိုက်မိသည်။ပါတ်ဝန်းကျင်မှာ အလင်းရောင်သိပ်မများပေမယ့်အနီးတဝိုက်ကိုမသဲမကွဲမြင်ရသလောက်
ကတော့ ပစ္စည်းအတိုအထွာတွေသိမ်းဆည်းထားတဲ့ဂိုထောင်ငယ်လေးလိုအခန်းတစ်ခုထဲပိတ်ထားခံရသလိုပင်......အခန်း အပြင်ဘက်ဆီက စကားသံတစ်ချို့နဲ့ ရယ်မောသံတွေကိုကြားနေရတာမို့ Khun
Nueng ကို အသံမထွက်ဖို့မျက်ရိပ်ပြကာ အရင်ဆုံးကြိုးတွေကိုဖြေနိုင်ဖို့ကြိုးစားလိုက်ရသည်။ဘုတ်!
မိနစ်အနည်းငယ်အတွင်းမှာ Palm ရဲ့လက်ကိုနေယင်ပြန်အတုပ်ခံထားရသောကြိုးပုံကကြမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့တော့သည်။
ငယ်စဥ်ကတည်းက Khun Nueng ကိုကာကွယ်ပေးနိုင်ဖို့ ကိုယ်ခံပညာရပ်မျိုးစုံကိုသင်ကြားတတ်မြောက်ထားခဲ့သော သူ့အဖို့ဒီလောက်ကတော့ အအပျော့ပင် .....
" Khun Nueng...... "
သူ Khun Nueng ဆီခြေလှမ်းဖွဖွနဲ့ပြေးသွားလိုက်ပြီး မ ထူကာ ကြိုးတွေကိုဖြေပေးလိုက်ပြီးညစ်ပေနေတဲ့အင်္ကျီတွေကြောင့် ပခုံးလေးကနေကိုင်ကာ ဟိုဒီကြည့်ပြီး ....
" အဆင်ပြေရဲ့လား Khun Nueng.... ဘယ်နားဒဏ်ရာရသွားသေးလဲ...."
" ငါ ဘာမှမဖြစ်ဘူး Palm...... ဒီလူတွေကဘယ်သူတွေလဲ..... ငါတို့ကိုဘာလို့ဖမ်းလာကြတာလဲ....."
YOU ARE READING
H O N E Y
Fanfictionငါမင်းကိုချစ်တာပေါ့ Palm ဒါပေမယ့် အစတည်းကမင်းရဲ့ရွေးချယ်မှုက ငါမဟုတ်ခဲ့ဘူးဆိုတဲ့အတွေးကိုမေ့ထားလို့မရနိုင်ဘူး....တကယ်ချစ်ရင်ပိုင်ဆိုင်ရမှဆိုတာမျိုးဘယ်မှာရှိလို့လဲ ငါကဒီအတိုင်း မင်းဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားတာကိုမြင်ချင်မိရုံပါ....အဲ့ဒီလောက...