Part _ 2 ( Zawgyi )

141 9 1
                                    

" Palm ...... Palm သတိထားပါဉီး...... "

ခပ်တိုးတိုး Khun Nueng ရဲ့ခေါ်သံက Palm
နားထဲမှာ ဝေးသွားလိုက် နီးလာလိုက်.....

" Kh... Khun Nueng...... "

" Palm မင်းသတိရလာပြီလား....."

Palm မျက်လုံးတွေဖွင့်လိုက်ကာ မူးနောက်နောက်ဖြစ်နေတဲ့ခေါင်းကို နှစ်ချက်လောက်ဆင့်ခါလိုက်တော့ နဖူးပေါ်ဝဲကျနေတဲ့ဆံပင်တွေဖရိုဖရဲဖြစ်သွားခဲ့ရသည်။

သူ့ကိုစိုးရိမ်တကြီးကြည့်ရင်း ခပ်တိုးတိုးခေါ်နေတဲ့ Khun Nueng ကို လက်နှစ်ဖက်နောက်ပြန်ကြိုးတုပ်လျက်အနေအထားနဲ့ကြမ်းပြင်ပေါ် မှာခပ်ခွေခွေလဲကျနေတာကိုမြင်လိုက်ရတာမို့ အမြန်ထသွားဖို့ကြိုးစားလိုက်မှပဲ သူလဲ Khun Nueng လို ပင်လက်နှစ်ဖက်ကိုနောက်ပြန်ကြိုးတုပ်ခံထားရတာကို
သတိထားလိုက်မိသည်။

ပါတ်ဝန်းကျင်မှာ အလင်းရောင်သိပ်မများပေမယ့်အနီးတဝိုက်ကိုမသဲမကွဲမြင်ရသလောက်
ကတော့ ပစ္စည်းအတိုအထွာတွေသိမ်းဆည်းထားတဲ့ဂိုထောင်ငယ်လေးလိုအခန်းတစ်ခုထဲပိတ်ထားခံရသလိုပင်......

အခန်း အပြင်ဘက်ဆီက စကားသံတစ်ချို့နဲ့ ရယ်မောသံတွေကိုကြားနေရတာမို့ Khun
Nueng ကို အသံမထွက်ဖို့မျက်ရိပ်ပြကာ အရင်ဆုံးကြိုးတွေကိုဖြေနိုင်ဖို့ကြိုးစားလိုက်ရသည်။

ဘုတ်!

မိနစ်အနည်းငယ်အတွင်းမှာ Palm ရဲ့လက်ကိုနေယင်ပြန်အတုပ်ခံထားရသောကြိုးပုံကကြမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့တော့သည်။

ငယ်စဉ်ကတည်းက Khun Nueng ကိုကာကွယ်ပေးနိုင်ဖို့ ကိုယ်ခံပညာရပ်မျိုးစုံကိုသင်ကြားတတ်မြောက်ထားခဲ့သော သူ့အဖို့ဒီလောက်ကတော့ အအပျော့ပင် .....

" Khun Nueng...... "

သူ Khun Nueng ဆီခြေလှမ်းဖွဖွနဲ့ပြေးသွားလိုက်ပြီး မ ထူကာ ကြိုးတွေကိုဖြေပေးလိုက်ပြီးညစ်ပေနေတဲ့အင်္ကျီတွေကြောင့် ပခုံးလေးကနေကိုင်ကာ ဟိုဒီကြည့်ပြီး ....

" အဆင်ပြေရဲ့လား Khun Nueng....  ဘယ်နားဒဏ်ရာရသွားသေးလဲ...."

" ငါ ဘာမှမဖြစ်ဘူး Palm......  ဒီလူတွေကဘယ်သူတွေလဲ..... ငါတို့ကိုဘာလို့ဖမ်းလာကြတာလဲ....."

You've reached the end of published parts.

⏰ Last updated: Jun 13, 2023 ⏰

Add this story to your Library to get notified about new parts!

H O N E Y Where stories live. Discover now