Chapter 18

9.4K 396 10
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 18

Mine တရားရုံးကပြန်ရောက်တယ်ဆို သူမ save လိုက်မိတဲ့ အမှုနဲ့ပက်သက်တဲ့သက်သေ Copy ထားတဲ့ USB ကို အံ့ဆွဲထဲကထုတ်ကာ သူ့ရဲ့ အမှုတွဲတွေထဲထည့်လိုက်သည်။ပြီးတော့ သူတရားရုံးအမှုရင်ဆိုင်တာတောင် အမှု File အိတ်ထဲထည့်ယူသွားတဲ့ စာအုပ်လေးကိုထုတ်လိုက်သည်။တစ်ခြားတော့မဟုတ် သူမနဲ့ပက်သက်ပြီး ရေးဖို့သီးသန့်ထားတဲပစာအုပ်လေး။စာအုပ်မျက်နာဖုံးလေးကအစ ကောင်းကင် နဲ့ တိမ်တိုက်ပုံလေးဖြစ်သည်။

စာအုပ်လေးကို တစ်ရွက်ချန်ပြီးလှန်လိုက်တယ်ဆို *my queen duty time*ဆိုတဲ့ခေါင်းစဥ်နဲ့အတူ သူမရဲ့ တစ်ပတ်စာအချိန်ဇယားလေး။အခုက တနင်္လာနေ့မို့ သူမ night duty ရှိလားကြည့်တော့မရှိတာမို့ သူသွားကြိုဖို့စိတ်နဲ့အတူ စာအုပ်ကိုပြန်ပိတ်ကာ သူရဲ့အလုပ်စားပွဲက အံ့ဆွဲထဲထည့်ပြီး သော့ခတ်လိုက်သည်။

Ring~~Ring~~Ring

Mine အလုပ်ခုံမှာထိုင်နေရာကထထိုင်လိုက်ကာ သူမဆီသွားဖို့ခြေလှမ်းမစခင် ဖုန်းလာတာကြောင့် စားပွဲပေါ်တင်ထားမိတဲ့ သူဖုန်းယူကာကြည့်လိုက်တော့ Forever Love ဆိုတဲ့ Contact name လေးကြောင့် သူချက်ခြင်းဖုန်းကိုင်လိုက်သည်။

"Hello ပူးတူးကိုယ်မင်းဆီလာမလို့ နေ့လည်စာစားပြီးပြီလား"

"အင်း စားပြီပြီရှင်မလာတော့နဲ့ ဆောင်းအခုဝင်ရမဲ့ ခွဲစိတ်မူကအရေးကြီးလို့ပါ မနက်မနက်တောင်ပြီးပါ့မလားပဲ အခုဝင်ရတော့မှာ ရှင်လာရင်မတွေ့မှာဆိုးလို့"

Mine မှာတစ်ဖက်က မလာနဲ့ဆိုတာကြောင့် သူမဆီသွားဖို့လန်းဆန်းနေတဲ့ သူခြေလှမ်းတွေနောက်ဆုတ်မိကာ ထိုင်ခုံပေါပြန်ထိုင်လိုက်သည်။

"အင်း ဂရုစိုက်..."

သူစကားတောင်မဆုံးသေး သူမဘက်ကဖုန်းချသွားတာမို့သူမှာ သူမဆီကိုသွားဖို့ လန်းနေတဲ့စိတ်ကာ အခုတော့ ဒီညသူမပြန်မလာဘူးဆိုတာကြောင့် အပေါ်ထပ်အခန်းတောင်မပြန်ချင်တော့။ဘာပဲဖြစ်ဖြစ် သူယူထားတာ ဆရာဝန်မို့ သူဒီလောက်တော့နားလည်ပေးနိုင်ရမည်။သူမလည်းမရှိတာတော့မို့ ဒီညစာလည်း သူစားဖြစ်တော့မှာမဟုတ်သလို လုပ်စရာတဲ့ အမှုတွဲတွေနဲ့သာတစ်ညလုံးကုန်ဆုံးတော့မည်ဆိုတာ မလွဲအေကန်ပင်......။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now