စာမျက်နှာ (၀၁) နောင်တတို့နှင့် ပြည့်နှက်နေသော
"ဆရာဂျောင်ကု...! ဆရာဂျောင်ကု!
ခဏစောင့်ပါအုံးလို့..ခ..ခဏ!!"
ဂျောင်ကု အနောက်ကနေ သူ့ကို အော်ဟစ်ပြီး ဟောဟဲဆိုက်ကာ ပြေးလာသော ကောင်လေးကို မသိချင်ယောင်ဆောင်ကာ လှည့်မကြည့်ဘဲ ဆရာများရုံးခန်းထဲကို ဝင်သွားလိုက်သည်။
"ဆရာဂျောင်ကုကလည်း စောင့်....
စောင့်ပါအုံးဆိုတာကို ~"
တံခါးတိုင်ကို ကိုင်ကာ အမောဖြေနေပုံရသော ကောင်လေးက စူပုတ်ပုတ်နှင့် သူ့ကို မကျေမချမ်းပြောနေပုံကို ဂျောင်ကု စိတ်ထဲ၌ အသည်းယားစွာ ပြုံးလိုက်မိပေမယ့် အပြင်ဘက်ရုပ်ကတော့ ပြောစရာပင်မလို လုံးဝကို တည်တံ့ထားသည်။ ရှေ့စားပွဲခုံပေါ်ရှိ ကျောင်းသားစာရင်းတွေကို ကြည့်နေဟန်ဆောင်ကာ သူ့ဘေးနားသို့ လာကပ်ထိုင်နေသော ကောင်လေးကို မသိချင်ယောင်ဆောင်နေလိုက်သည်။
"ဆရာဂျောင်ကု..ဒီနေ့ ဒီ ကြက်သားလုံးကြော်ရော၊ ဆူရှီရော ကျွန်တော် ကိုယ်တိုင်လုပ်လာတာ.. မြည်းကြည့်ပေး..~"
သူ့ဘေးတွင် ထမင်းဘူးကို ဖွင့်ကာ ကြက်သားလုံးကြော်လေးတစ်ခုကို တူလေးနဲ့ ညှပ်ပြီး ခွံ့ကျွေးဖို့
ဟန်ပြင်လာသော ကောင်လေးကြောင့် ဂျောင်ကု ရှောင်ကာ မတ်တပ်ထရပ်လိုက်မိသည်။ သူ့ရဲ့ အပြုအမူကို လန့်သွားပုံရတဲ့ ကောင်လေးက တုန်တက်သွားကာ တူနဲ့ ညှပ်ထားတဲ့ ကြက်သားလုံးလေးက အောက်သို့ ပြုတ်ကျသွားလေ၏။
"တော်ပြီ..ဆော့ဂျင်! ကိုယ့်အတန်းကိုယ် ပြန်တော့!"
"ဘာလို့လဲ..ဆရာဂျောင်ကုရဲ့ ကျွန်တော်က ဆရာစားဖို့အတွက် ကိုယ်တိုင်တောင်
ချက်လာပေးတာကို ~"
"မလိုဘူး...မလိုတာမလို့ သွားတော့! နောက်တစ်ခါလည်း ငါ့ကို ဒီလို အပြုအမူတွေ လာမလုပ်ပါနဲ့..ငါက မင်းရဲ့ ဆရာဆိုတာ မှတ်ထားပြီး လေးလေးစားစား ဆက်ဆံ!"
YOU ARE READING
【Amour Sans Fin】- Endless Love
Short StoryAlways By Your Side Koojin Collection ထဲကနေ ပြန်ခွဲထုတ်ထားတာလေးပါ။ အသစ်ရေးထားတာ မဟုတ်ရပါဘူးရှင့်..။