03 - နောင်တတို့နှင့် ပြည့်နှက်​နေ​သော

177 24 1
                                    

စာမျက်နှာ (၀၃) ​​နောင်တတို့နှင့် ပြည့်နှက်​နေ​သော



"ဘာလို့ ဖုန်းထဲက​နေ စာပို့တာလဲ ​ဆော့ဂျင်..

ဒီတိုင်း ​ပြောလိုက်လည်းရ​နေတာကို..."

​သူ့ကို တအံ့တဩကြည့်ကာ ​မေးလာ​သော

ဆရာ​ဂျောင်ကုကို ကြည့်ကာ ​ဆော့ဂျင် ပြုံးလိုက်မိသည်။ အခု ဖြစ်​နေတဲ့ ဆရာဂျောင်ကုရဲ့ ပုံ​လေးက​လေ ကဗျာကယာနဲ့ စိတ်လှုပ်ရှားနေပုံစံလေး။ အရမ်း ချစ်ဖို့​ကောင်း​တယ်.. အရင်က သူ့ကို ​ချေမိုးခဲ့တဲ့လူ မဟုတ်တဲ့ အတိုင်းဘဲ။

💭ကျွန်​တော့်အသံကို ဆရာ​ဂျောင်ကု မကြားချင်ဘူးလို့ ​ပြောဖူးတယ်​လေ..

​ဂျောင်ကု သူဖုန်းထဲ ထပ်ဝင်လာ​သော

မက်​ဆေ့​လေးကို ကြည့်လိုက်ကာ..စိတ်မ​ကောင်း ဖြစ်သွားရသည်။ ဒီက​လေး သူ့ကို အရမ်းများ မုန်း​နေမလား..?

"ကိုယ် အဲ့လိုမျိုး မဆိုလိုခဲ့ပါဘူး..

အဲ့အချိန်​တွေတုန်းက..."

သူစကား​ပြော​နေတုန်း ဆက်တိုက်ဆိုသလို ထပ်ဝင်လာပြန်တဲ့ မက်​ဆေ့​လေး​​တွေကြောင့်

သူ​နောင်တတို့ ထပ်ရသွားရပြန်သည်။

💭ဒီ​နေ့က စပြီး ဆရာ​ဂျောင်ကု ကျွန်​​တော့်အသံကို ကြားစရာ မလို​တော့ပါဘူး

💭ပြီး​တော့ ကျွန်​တော့်ကို ဘာလို့ ဆွဲ​ခေါ်လာတာလဲ ကိုကိုစိတ်ပူ​နေလိမ့်မယ်

💭ဆရာ​​ဂျောင်ကု ကျွန်​တော့်အသံကို

ထပ်ကြားရ​တော့မှာ မဟုတ်လို့ ကျွန်​တော်လည်း

အဲ့​ကျောင်းက ထွက်လာပြီးပြီမလို့....

💭ထပ်မ​တွေ့ကြရ​အောင်..လမ်းမှာ​တွေ့လည်း

မ​ခေါ်ပါနဲ့ ကျွန်​တော် ပြန်​ရတော့မယ် ဆရာ​ဂျောင်ကု...

​ဆော့ဂျင်ရဲ့ မက်​ဆေ့​လေး​တွေကို ကြည့်ကာ ​

ဂျောင်ကု မျက်ရည်တို့ ဝဲလာရသည်။ ဘယ်​လောက်​တောင်များ ကိုယ့်ကို စိတ်​နာ​နေခဲ့တာလဲကွာ ~။ အရင်က သူ့​​ဘေးနား အမြဲလိုလို ​နေခဲ့တဲ့ ​ကောင်​လေးက 'ထပ်မ​တွေ့ကြရ​အောင်​' လို့​တောင် ​ပြောလာတယ် ဆို​တော့...။

【Amour Sans Fin】- Endless LoveWhere stories live. Discover now